အမြို့မြို့အနယ်နယ်သတင်းများ

Aug 28,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် သန့်ရှင်းသောမြို့ဖြစ်ပေါ်လာစေရေးနှင့် ပလပ်စတစ်သုံးစွဲမှု ကင်းစင်လျော့နည်းစေရေး စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုလုပ်ငန်း (3Rs) စနစ်ထိရောက်အောင်​မြင်စွာဖော်ဆောင်နိုင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၈ နာရီအချိန်က သဲကုန်းမြို့၊ စျေးတာဝန်ခံရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 28,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကွက် စိုက်ပျိုးမည့်တောင်သူများအား ပံ့ပိုးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ၊တောင်သူပညာပေးအဆောင်တွင် ပေးအပ်ပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
Aug 28,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့နယ်၊ လွိုင်မုံမိုင်းကျေးရွာ ကျေးရွာစာကြည့်တိုက်တည်ဆောက်ရေး ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ‌စာကြည့်တိုက် ဆောက်လုပ်မည့်မြေနေရာတွင် ကျင်းပပါသည်။
Aug 28,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်စည်ပင်သာယာဈေးတာဝန်ခံရုံး၌ မြို့နယ်အဆင့်စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုလုပ်ငန်းစဉ် 3Rs(Reduce, Reuse, Recycle )စနစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပြုလုပ်ခဲ့သည်။
Aug 28,2024
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ (၁၄၁)ကြိမ်မြောက် သမိုင်းဝင်ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို  စက်တင်ဘာ ၁ဝ ရက်နေ့မှ ၁၇ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
Aug 28,2024
ရန်ကုန်တိုင်း​ဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ရန်ကုန်အဝေးသင်တက္ကသိုလ်၏ ၂၀၂၄ ပညာသင်နှစ် ဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲ သြဂုတ်လ ၂၅ ရက်​နေ့ည​နေပိုင်းက ရန်ကုန်အ​ဝေးသင်တက္ကသိုလ်၌ ကျင်းပခဲ့ပါသည်။
Aug 28,2024
မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင် ပြည်သူ့စာကြည့်တိုက်တွင် “မီဒီယာနှင့်သတင်းအချက်အလက်ဆိုင်ရာသိနားလည်မှု” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပွဲကို ဩဂုတ်လ ၂၆ ရက်နေ့‌ နေ့လယ် (၂:၃၀)အချိန်က ကျင်းပရာ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က ဟောပြောပွဲကျင်းပရသည့်ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။