အမြို့မြို့အနယ်နယ်သတင်းများ

Sep 08,2024
မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ် အခြေခံပညာဦးစီးဌာန စီစဉ်ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် အောက်တိုဘာ(၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အကြိုစာစီစာကုံးနှင့် ကဗျာအလွတ်‌ရေးပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံးတွင် ဆောင်ရွက်ကြောင်း သိရသည်။
Sep 08,2024
နိုင်ငံတကာစာတက်မြောက်ရေးနေ့အထိမ်းအမှတ်အဖြစ် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်သည်။
Sep 08,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ရွှေကြာပင်ရပ်ကွက်၊ အမှတ်(၂၇)အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပခဲ့သည်။
Sep 08,2024
မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ် အခြေခံပညာဦးစီးဌာန စီစဉ်ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် အောက်တိုဘာ(၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အကြိုစာစီစာကုံးနှင့် ကဗျာအလွတ်‌ရေးပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံးတွင် ဆောင်ရွက်ကြောင်း သိရသည်။
Sep 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်အဆင့်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီနှင့် စာရင်းစစ်၊ စာရင်းကောက် ဆရာ/ဆရာမများတွေ့ဆုံ၍ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရန်အတွက် အကြိုညှိနှိုင်းဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နေ့လယ် (၁၂)နာရီအချိန်ခန့်က ကန်ကြီးထောင့်မြို့နယ်၊ ဧရာသီရိသုခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Sep 08,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ ကျင်းပသော လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့မွန်းလွဲ (၁၃း၃၀) နာရီအချိန်က အ.ထ.က ( ခွဲ ) ညောင်လေးပင် ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Sep 08,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူနိုင်ရေး(ပထမအကြိမ်) အလှူတော်ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်ကြီးရှိ ပုညရှင်သာသနာ့ဗိမာန်တော်ကြီးတွင်ကျင်းပရာ အခမ်းအနားသို့ နိုင်ငံတော်သြဝါဒါစရိယ၊ အဘိဓဇမဟာ ရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက သောဠသမရွှေကျင်သာသနာပိုင် သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များ၏ အဓိပတိဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရ ဆရာတော်ကြီးနှင့် ပင့်သံဃာဆရာတော်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။
Sep 08,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလေးများဗလငါးတန်ဖြင့် ပြည့်စုံစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်စကားဝိုင်းဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း (ဖအိုင်း)တွင် ကျင်းပသည်။