အမြို့မြို့အနယ်နယ်သတင်းများ

Sep 10,2024
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ(၁၉)ရက်နေ့တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ပြခန်းများ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ ဂိမ်းပြိုင်ပွဲများနှင့်အတူ အထက်တန်းအဆင့် ကျပန်းစကားပြော၊ ပန်းချီ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ၊ အလယ်တန်းအဆင့် ကာတွန်း၊ စာစီစာကုံး၊  ပုံပြင်ပြောပြိုင်ပွဲများနှင့် မူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အကြိုပြိုင်ပွဲများလည်း ကျင်းပပြုလုပ်လျက်ရှိကြောင်းနှင့် ယနေ့နံနက်ပိုင်းတွင် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း အနော်ရထာခန်းမတွင် ကျပန်းစကားပြောအကြိုပြိုင်ပွဲ ဆက်လက်ကျင်းပလျက်ရှိကြောင်း သိရသည်။
Sep 10,2024
ဝါတွင်းကာလအတွင်း ဝါဆိုဝါကပ်တော်မူကြသော တောင်ကြီးမြို့ပေါ်ရှိ စာသင်တိုက်ကျောင်း (၁၀၄)ကျောင်းမှ ဆရာတော်၊ သံဃာတော်များအား ဆွမ်းနှင့်ဆွမ်းဟင်းများ လောင်းလှူပွဲကို ယမန်နေ့နံနက် (၅)နာရီခွဲက တောင်ကြီးမြို့ သာသနာလင်္ကာရ ကမ္ဗောဇသာသနာ့ဗိမာန်ကျောင်းရှေ့ ၌ ကျင်းပသည်။
Sep 10,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ယနေ့နေ့လယ် ၁ နာရီ ၃၀ အချိန်မှစ၍ ရေကြီးရေလျှံမှုများကြောင့် လျှပ်စစ်ဓာတ်မီးတိုင်များလဲကျပျက်စီးမှုများ ဖြစ်ပွားခဲ့သည်။
Sep 10,2024
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မိတ္ထီလာခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အကြို အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
Sep 10,2024
တာချီလိတ်မြို့၌ ယနေ့ မွန်းတည့် (၁၂)နာရီ တိုင်းတာချက်အရ မယ်ဆိုင်ချောင်းရေသည် စိုးရိမ်ရေမှတ်အထက် (၂၉၀) စင်တီမီတာ (၆) ပေကျော်သို့ရောက်ရှိနေပြီး မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၁) အဝင်လမ်းရေကျော်ခြင်းနှင့် မြို့ပေါ်ရပ်ကွက်(၈)ရပ်ကွက်ရှိ လူဦးရေ (၃၈၃၈)ဦးသည် ရေဘေးကြုံတွေ့နေရသဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်မြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Sep 10,2024
ဧ​ရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး ကိစ္စရပ်များအတွက် မူဝါဒများချမှတ်ခြင်း၊ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များ ရရှိနိုင်စေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းအား ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေး လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအကြောင်း အသိပညာပေးဟောပြောပွဲအား ယနေ့နံနက်(၁၁) နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 10,2024
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အခြေခံပညာဦးစီးဌာနနှင့်ပူး‌ပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများကို ယမန်နေ့မွန်းလွဲပိုင်းက အ.မ.က(ဝိုင်းပတ်)၌ သွားရောက်ဆောင်ရွက်ခဲ့ကြ‌သည်။
Sep 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် စံရာတိုက်စာချဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်လျက်ရှိသော မြတ်ရတနာစာချဓမ္မစကူးလ် သင်တန်းသား/သူများအား အသိပညာဗဟုသုတရရှိစေရန် ယနေ့နံနက်(၁၀)နာရီအချိန်က စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိ ပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။