အမြို့မြို့အနယ်နယ်သတင်းများ

Sep 10,2024
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ဒေသခံပြည်သူများသည် ဝမ်းစာဖူရေးနှင့် စားသုံးဆီဖူလုံရေးကို အဓိကထားစိုက်ပျိုးကြသည်အပြင် အချို့တောင်သူများက ရေတင်၍လည်းကောင်း၊ အဝီစိတွင်းတူးဖော်၍သော်လည်းကောင်း၊ မိုးကောင်းသောက်ရေဖြင့်လည်းကောင်း မီးဖိုဆောင်သုံး ဟင်းသီးဟင်းရွက်များကို မိမိတို့လယ်ကန်သင်း၊ ယာမြေနှင့် မိမိတို့နေအိမ်ခြံဝန်းအတွင်း မြေလွတ်နေရာများ၌ စိုက်ပျိုးကြကြောင်းသိရသည်။
Sep 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့အား အတတ်လည်းသင် ပဲ့ပြင်ဆုံးမ ဆရာများ၏ ဂုဏ်ကျေးဇူးကို သိတတ်နားလည်စေရန်နှင့် ကျေးဇူးရှင်မြတ်ဆရာများအပေါ် အစဉ်အလေးထား တန်ဖိုးထားစေရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၅)ရက်နေ့တွင် ရောက်ရှိမည့် ကမ္ဘာ့ဆရာများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများကို ယမန်နေ့က မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအလိုက် ကျင်းပပေးလျက်ရှိကြောင်း သိရသည်။
Sep 10,2024
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး စာပေစကားဝိုင်းနှင့် စာဖတ်ဝိုင်းကို ယ‌နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Sep 10,2024
မွန်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကို စက်တင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်းက အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Sep 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကျောင်းသား/လူငယ်များ နိုင်ငံ့အနာဂတ် လူစွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်မှုများ အရှိန်အဟုန်မြင့်မားလာစေရန် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ကျောင်းသား၊ကျောင်းသူများ စာအုပ်စာပေ ဖတ်ရှုနိုင်ရန်၊ စာပေလေ့လာဖတ်ရှုခြင်းမှ ရရှိလာသော အသိပညာ ဗဟုသုတများ ပြန်လည်မျှဝေနိုင်စေရန်နှင့် စာဖတ်သည့်အလေ့အထတွင် ပျော်မွေ့လာစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က ဖျာပုံမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
Sep 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့နှင့် ပူးပေါင်း၍ စာပေကို မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ ယနေ့နေ့လယ် (၁)နာရီအချိန်က စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 10,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကင်းစိန်စျေးကျေးရွာအတွင်းရှိ ကွင်းအမှတ်(၄၈၆)၊ တောင်သူ ဦးမြင့်ဆွေ၏ တစ်ပိုင်တစ်နိုင် ရေမွှေးပန်းစိုက်ခင်းမှ တစ်နေ့လျှင် ပုံမှန်ဝင်ငွေ ၂၀၀၀ဝိ/- ရောင်းချရပြီး မိသားစုပုံမှန်ဝင်ငွေရရှိ၍ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
Sep 10,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အနာဂတ်မျိုးဆက်သစ်လူငယ် ကျောင်းသား၊ ကျောင်းသူများ ယဉ်ကျေးလိမ္မာသည့် လူငယ်လူရွယ်များဖြစ်လာစေရန်နှင့် စာပေဗဟုသုတတိုးပွားရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။