Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ရဲမိုးနှင့် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်း ဝါသီးနှံစိုက်ဧကပြည့်မီရေး မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုက…
Sep 11,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း ဝါသီးနှံစိုက်ပျိုးရေးအတွက် မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုကြီးကြပ်ရေးအဖွဲ့နှင့် တွေ့ဆုံခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းတွင်ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ရဲမိုးနှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်အောင်ဌေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ရှေ့တန်းစခန်း စိုက်ပျိုးရေးညှိနှိုင်းမှုကြီးကြပ်ရေးတာဝန်ခံများ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စေတုတ္တရာမြို့နယ်၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေး အသိပညာပေး
Sep 11,2024
မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၌ မိုးရာသီကာလတွင် ဖြစ်ပွားလေ့ရှိသည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းကို ယနေ့ နံနက်ပိုင်း (၇) နာရီအချိန်က ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့က ရွှေပွင့်ဖြူယာဉ်လိုင်းဂိတ်ခရီးသွားပြည်သူများ၊ စေတုတ္တရာမြို့မစည်ပင်သာယာဈေးသို့ သွားရောက်ပြီး ဈေးသူ၊ ဈေးသားများနှင့် ဈေးဝယ်လာပြည်သူများကို ကွင်းဆင်းအသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့ကရိတ်မြို့၌ စားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိ
Sep 11,2024
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၌ ကရင်ပြည်နယ်အစိုးအဖွဲ့၏ အစီအစဉ်ဖြင့် မြို့နယ်အထွေထွေ စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ စားသုံးဆီများကို မိဘပြည်သူများ သက်သာသောဈေးနှုန်းများဖြင့် အဆင်ပြေချောမွေ့စွာ ဝယ်ယူရရှိနိုင်စေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က ကော့ကရိတ်မြို့၊ အမှတ်(၃)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမရှိ မြို့မဈေး အရှေ့တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပျော်ဘွယ်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျောက်ဆည်ကန်ကျိုးပေါက်၍ ကျေးရွာအချို့ ရေနစ်မြုပ်မှုဖြစ်ပွား
Sep 11,2024
ပျော်ဘွယ်မြို့နယ်တွင် စက်တင်ဘာလ(၁၀)ရက်နေ့ နံနက်ပိုင်းမှစတင်ကာ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ယနေ့နံနက်(၈)နာရီခွဲခန့်တွင် ကျောက်ဆည်ကန်ဘောင်ကျိုးပေါက်၍ ကျောက်ဆည်ကန်အနီးနှင့် အောက်ဘက်ရှိကျေးရွာ အချို့တွင် ရေနစ်မြုပ်မှု ဖြစ်ပေါ်လျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုသိမ်ကြီးမြို့နယ် တဲကုန်းကျေးရွာ၌ မီးလောင်မှုဖြစ်ပွား
Sep 11,2024
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မဲကင်းကုန်းကျေးရွာအုပ်စု၊ တဲကုန်းကျေးရွာရှိ ဦးအောင်စိုးသူ ပိုင်ဆိုင်သည့် သွပ်မိုး၊ ထရံကာ၊ မြေစိုက် လေးခန်းတွဲ လူနေအိမ်၌ အိမ်ငှားနေထိုင်သူ ဦးဇင်မောင်ထွေး အသက် ၃၄ နှစ်၊ (ဘ) ဦးပေါက်စ သည် ဓာတ်ဆီဂါလံပုံးမှ ရေသန့်ဗူးအတွင်းသို့ ဖယောင်းတိုင် မီးထွန်း၍ ဓာတ်ဆီဖလှယ်ရာမှ ဆီငွေ့နှင့် ဖယောင်းတိုင်မီး ထိတွေ့ပြီး မီးကူးစက်လောင်ရာ စက်တင်ဘာ ၁၀ ရက် ည ၇နာရီ ၁၁မိနစ်ခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် e–Government အခြေခံရုံးလုပ်ငန်းဆိုင်ရာ ကွန်ပျူတာသင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်
Sep 11,2024
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် e–Government အခြေခံရုံးလုပ်ငန်းဆိုင်ရာ ကွန်ပျူတာသင်တန်းဆင်းပွဲအခမ်းအနားကို စက်တင်ဘာလ ၉ ရက်နေ့နံနက်ပိုင်းက မကွေးမြို့ မြို့နယ်စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် သိပ္ပံကျောင်းများမှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ပုဂ္ဂိုလ်များ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့ အခြေခံပညာမူလတန်းကျောင်းတွင် မျောက်ကျောက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်
Sep 11,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား၊ ကျောင်းသူလူငယ်လေးများ မျောက်ကျောက်ရောဂါနှင့် ပတ်သက်၍ အသိပညာ ဗဟုသုတ ရရှိစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတွင် မျောက်ကျောက်ဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ကြီးတံခွန်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း အသိပညာပေး ဟောပြောပွဲ ကျင်းပ
Sep 11,2024
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေလုပ်ငန်း အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက အဆိုပါမြို့နယ်ရှိ တံခွန်တိုင်ရပ်ကွက်၊ ရန်-မန်းလမ်း၊ မျိုးသိန်းဓမ္မာရုံ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6904
Page
6905
Page
6906
Page
6907
Current page
6908
Page
6909
Page
6910
Page
6911
Page
6912
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department