အမြို့မြို့အနယ်နယ်သတင်းများ

Sep 17,2024
နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရေးနှင့် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စိုးစံကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းကာ  လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉နာရီခွဲအချိန်က စိုးစံကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပသည်။
Sep 17,2024
အခြေခံပညာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးနှင့် မြန်မာနိုင်မူးယစ်ဆေးဝါးသုံးစွဲမှုပပျောက်ရေးအသင်း (ဗဟို-မန္တလေး) (AEDA-Mdy) တို့ ပူးပေါင်းကျင်းပသည့် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်အသိပညာပေးဟောပြောပွဲကို ​​ယမန်နေ့နံနက်ပိုင်းက မဟာအောင်မြေမြို့နယ်(CEA) ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
Sep 17,2024
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျချောင်းရေများကြောင့် အင်တိုင်းအုပ်စု သပြေပင်ကျေးရွာနေအိမ်များ ရေနစ်မြုပ်ပျက်စီးခြင်းများ ဖြစ်ပွားလျက်ရှိသဖြင့် ရေဘေးသင့်အိမ်ထောင်စုဝင်မိသားစုများအား ရေဘေးကယ်ဆယ်စောင့်ရှောက်ရေးစခန်းအဖြစ် သပြေပင်ကျေးရွာ အလယ်တန်းကျောင်းရှိ ရေဘေးသင့်အိမ်ထောင်စုဝင်များအား စားနပ်ရိက္ခာထောက်ပံ့ခြင်းကို ယမန်နေ့ညနေ (၄)နာရီက သပြေပင်အလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
Sep 16,2024
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီအဆင့်ဆင့်၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၅) ရပ်ကွက်၊ Green Star ဟိုတယ်၌ ကျင်းပသည်။
Sep 16,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်‌သော နွားနှင့်ဆိတ် မေထုန်မဲ့သားစပ်သင်တန်း(၁/၂၀၂၄)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်မြို့တည်ဆောက်ရေး(၂)ဆည်မြောင်းရိပ်သာ၊ နဝင်းခန်းမ၌ကျင်းပရာ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
Sep 16,2024
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးသည်းထန်စွာ ရွာသွန်း၍ သံလွင်မြစ်ရေသည် စိုးရိမ်ရေ အမှတ် ၇၅၀ စင်တီမီတာထက် ကျော်လွန်ပြီး မြစ်ရေလျှံတက်မှုကြောင့် နေအိမ်များ ရေနစ်မြုပ်မှု ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
Sep 16,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း ယာယီရေဘေးရှောင်စခန်း ရွှေဝက်တိုးဘုန်းကြီးကျောင်းတိုက်သို့ ယမန်နေ့နေ့လယ်ပိုင်းက ကျန်းမာရေးအထူးကုဆရာဝန်များ ကွင်းဆင်းဆေးကုသမှုများ ပြုလုပ်ခဲ့သည်။
Sep 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ  အသိပညာဗဟုသုတများ တိုးပွားစေရေး၊ စာဖတ်ရှိန်မြှင့်တင်နိုင်ရန် ရည်ရွယ်၍  လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်များ၊ အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းများကို ယနေ့နံနက်(၁၀)နာရီက ကဝက်ရေကန်ချောင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါကျောင်းရှိ  ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။