Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကြံခင်းမြို့နယ်သစ်တောဦးစီးဌာနမှ တစ်ချိန်တည်း၊ တစ်ပြိုင်တည်း သစ်ပင်စိုက်ပျိုးပွဲကျင်းပ
Sep 24,2024
သစ်တောစိုက်ခင်းများထူထောင်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေးနှင့် သစ်တောသစ်ပင်များ၏ တန်ဖိုးကိုနားလည်ချစ်မြတ်နိုးတတ်စေရန်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိများ နိုးကြားရှင်သန်စေရန်၊ ရာသီဥတုမျှတစေရန် ရည်ရွယ်ပြီး ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် တစ်ချိန်တည်း၊ တစ်ပြိုင်တည်း သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက၊ ကြံခင်းမြို့နယ်၊ ကလို့ကွင်းအုပ်စု၊ အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း (ချင်းမြောင်)ကျောင်း၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဦးလွင်မြို့နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်
Sep 24,2024
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးတာဝန်ခံများ၊ မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့်အတူ ပူးပေါင်း၍ ယမန်နေ့က ရပ်ကွက်ကြီး(၂၁)၊ မိုးကြိုးကွက်သစ်ရှိ တိုက်ပွဲရှောင်ပြည်သူလူထုအပါအဝင် ဒေသခံပြည်သူ (၁၂၀) ဦးအား ပဏာမကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံမြို့၌ မြစ်ရေတိုက်စားမှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်အတွက် ထောက်ပံ့ငွေ သွားရောက်ပေးအပ်
Sep 24,2024
ကရင်ပြည်နယ်၊ ဘားအံမြို့၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ဘားအံမြို့နယ် ခဲတောက်ကျေးရွာအုပ်စု၊ ခဲတောက်ကျေးရွာတွင် စက်တင်ဘာ လ(၁၈)ရက်နေ့က သံလွင်မြစ်ရေမြင့်တက်လာပြီး မြစ်ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်အတွက် ထောက်ပံ့ ငွေပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာများ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကိုင်မြို့နယ်၌ ရေကြီးနစ်မြုပ်ပျက်စီးခဲ့သော ကျေးရွာချင်းဆက်လမ်းများအား ပြန်လည်ပြုပြင်ဆောင်ရွက်
Sep 24,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် စက်တင်ဘာလ ၁၁ ရက်မှ ၁၃ ရက်အထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ပန်းလောင်မြစ်ရေ ဝင်ရောက်မှုတို့ကြောင့်လမ်းကြောင်း ပြတ်တောက်ပျက်စီးသွားသည့် ကျေးလက်လမ်းများအား ကျေးလက်နေပြည်သူများ လတ်တလော သားလာရေး အဆင်ပြေစေရန် မြို့နယ်ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနမှဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းက စတင်၍ ပြန်လည်ပြုပြင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့နယ်၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးသရုပ်ပြခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်
Sep 24,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်သဘာဝဘေးစီမံခန့်ခွဲရေးကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မုန်တိုင်းဘေး၊ ရေဘေး၊ လေပြင်းဘေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ယမန်နေ့ နေ့လယ်(၂)နာရီအချိန်တွင် သဲကုန်းမြို့နယ်ကန်တော်မင်္ဂလာရပ်ကွက် ကန်သာယာရေလယ်ကျွန်းအတွင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြို့သစ်မြို့တွင် လျှပ်စစ်ဓာတ်အားလိုင်း ကြံ့ခိုင်မှုရှိရန် စစ်ဆေးပြုပြင်ထိန်းသိမ်းခြင်း ဆောင်ရွက်
Sep 24,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများသည် သဘာ၀ဘေးဒဏ်များကြောင့် ဓာတ်အားပြတ်တောက်မှုမရှိစေရန် ပွင့်လင်းရာသီကာလတွင် ကြိုတင်ကာကွယ် စစ်ဆေးပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို အစဉ်ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့အ.ထ.ကကျောင်း၌ ကျင်းပပြုလုပ်သည့် “စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်”တွင် ပါဝင်ဆင်နွှဲသူများ၏ ရင်တ…
Sep 24,2024
စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့ အ.ထ.က ကျောင်းတွင် ယမန်နေ့က ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ အားကစားပြိုင်ပွဲများနှင့် ဟောပြောပွဲများကို ကျင်းပပြုလုပ်ခဲ့ရာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်နှင့်ပတ်သက်၍ ပါဝင်လှုပ်ရှားသူများ၏ ရင်တွင်းစကားသံများ ယခုလိုကြားသိခဲ့ရပါသည်။
အပြည့်အစုံ ဖတ်ရန်
ကလောမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်း
Sep 24,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့ မြို့မပရိယတ္တိစာသင်တိုက်တွင် ဖွင့်လှစ်ထားသည့် ရေဘေးကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးကွပ်ကဲမှုရုံးတွင် ရေဘေးသင့်ပြည်သူများအား အနယ်နယ်အရပ်ရပ်မှ အလှူရှင်များ လှူဒါန်းလျက်ရှိရာ ယမန်နေ့နံနက် ၁၁ နာရီက ရေဘေးသင့်ပြည်သူများအတွက် အလှူရှင်များက ထောက်ပံ့ငွေများ လာရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6766
Page
6767
Page
6768
Page
6769
Current page
6770
Page
6771
Page
6772
Page
6773
Page
6774
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department