Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တောင်ငူမြို့၌ ရေများပြန်လည်ကျဆင်းသွားသည့်အတွက် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ စတင်ဆောင်ရွက်
Sep 24,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၌ စစ်တောင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ကျော်လွန်ပြီး မြေနိမ့်ပိုင်းရှိ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ စက်တင်ဘာလ ၁၂ ရက်နေ့မှစတင်ပြီး မြစ်ရေများဝင်ရောက်ကာ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ရာ ယခုအခါ မြစ်ရေပြန်လည်ကျဆင်းသွားပြီဖြစ်သည့်အတွက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများအား စက်တင်ဘာလ ၂၃ ရက်နေ့မှစတင်၍ ရေကြီးရေလျှံမှုဖြစ်ခဲ့ပြီး ရေဘေးသင့်ခဲ့သည့် ရပ်ကွက်/ကျေးရွာ၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်း ၊ ဆေးရုံ၊ ဆေးခန်း၊ ဘာသာသာသနာ၊ သာသနိကအဆောက်အဦများအား မြို့လုံးကျွတ်စုပေါင်းလုပ်အားပေးဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မိဘဆရာအသင်းနှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Sep 24,2024
ပုလောမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင် ဘာလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်က နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်တင်လေး မြို့နယ်ကြက်ခြေနီအသင်းနှင့် တွေ့ဆုံဆွေးနွေး
Sep 24,2024
မြန်မာနိုင်ငံကြက်ခြေနီအသင်းဒုတိယဥက္ကဋ္ဌ ဒေါက်တာ တင်တင်လေးနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် လူမှုဂရုဏာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိသော အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (MFRC myanmar)မှ ဌာနေကိုယ်စားလှယ်များသည် ယမန်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့၊ အမှတ်(၇)ရပ်ကွက်၊ ရဲမာန်ဟုန်လမ်းရှိ မြို့နယ်ကြက်ခြေနီအသင်းရုံးသို့ ရောက်ရှိကာ မြို့နယ်ကြက်ခြေနီ အသင်းသား/သူများနှင့်တွေ့ဆုံ၍ မြို့နယ်ကြက်ခြေနီအသင်းအနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများ၊ စာသင်ကျောင်းများတွင် ရှေးဦးသူနာပြုစုနည်း သင်တန်းများ ဖွင့်လှစ်ခဲ့မှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်ရန် စီမံဆောင်ရွက်ထားသည့် လုပ်ငန်းများနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ကူညီပံ့ပိုးမှု ရယူရမည့်ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပြီး ညောင်တုန်းမြို့၊ အမှတ်(၁)ရပ်ကွက်၊ (၄၁)လမ်းရှိ မြစ်ကမ်းပါး ပြိုကျခဲ့သည့်နေရာနှင့် အမှတ်(၃)ရပ်ကွက်၊ (၁၇)လမ်းရှိ မြစ်ကမ်းထိန်းတာများအား လှည့်လှည်ကြည့်ရှုခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သင်္ဃန်းကျွန်းခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ခရိုင်နှင့်မြို့နယ်အလုပ်အမှုဆောင် ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားကျင်းပ
Sep 24,2024
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ သင်္ဃန်းကျွန်းခရိုင်နှင့် မြို့နယ်အလုပ်အမှုဆောင် ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ မိုးကောင်းစေတီတော် မဟာသာသနာ့ဗိမာန်တော်ကြီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးနှင့် ဗဟိုအထောက်အကူပြု အမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်မြသွေး၊ ဗဟိုအထောက်အကူပြုလူမှုရေးရာအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်၊ ဗဟိုအထောက်အကူပြုလူမှုရေးရာအဖွဲ့ အတွင်းရေးမှူးဦးသန့်ဇင်လှိုင်၊ တိုင်းဒေသကြီးအတွင်းရေးမှူး ဦးရွှေမောင်နှင့် ဦးဖရန်စစ်၊ ဗဟိုအထောက်အကူပြု အမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသန်းနှင့် ဒေါ်တင်တင်သော်၊ အတွင်းရေးမှူး ဒေါ်ခိုင်မွန်မွန်ကို၊ ဒေါ်ဂျူးနှင့် ဒေါ်မေသဉ္ဇာနိုင်၊ တွဲဖက်အတွင်းရေးမှူး ဒေါ်ဇင်မာညွန့်၊ ဘဏ္ဍာရေးမှူးဒေါ်အေးအေးချို၊ ဘဏ္ဍာငွေရှာဖွေရေးမှူး ဦးထိန်လင်း၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပညာရေးဝန်ကြီးဌာနနှင့်ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၄ ခုနှစ်၊ ပုသိမ်၊ ဟင်္သာတ၊ မြောင်းမြ၊ မအူပင်နှင့်ဘိုကလေးမြို့နယ် စဉ်ဆ…
Sep 24,2024
ပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၄ ခုနှစ်၊ ပုသိမ်၊ ဟင်္သာတ၊ မြောင်းမြ၊ မအူပင်နှင့်ဘိုကလေးမြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်းနည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ စဉ်ဆက်ပညာရေး လုပ်ငန်းကြီးကြပ်မှုကော်မတီနာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုလောမြို့ အ.မ.က(၅) ကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြောပွဲကျင်းပ
Sep 24,2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ပုလောမြို့၊ အမှတ်(၅) အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတနော်မြို့၌ အငြိမ်းစားပင်စင်စားများအား ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ
Sep 24,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံတာဝန် ထမ်းဆောင်ပြီး အငြိမ်းစားယူထားတဲ့ အစိုးရဝန်ထမ်းပင်စင်စားများအား ပင်စင်လစာငွေများ ထုတ်ပေးခြင်းကို စက်တင်ဘာ (၂၃) ရက်နေ့မှစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
၂ဝ၂၄ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး အားကစားပွဲတော် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဆုချီးမြှင့်ပွဲကျင်းပ
Sep 24,2024
၂ဝ၂၄ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးအားကစားပွဲတော်(၁၄)ခရိုင် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းနားကို ယမန်နေ့ညနေပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏလေ့ကျင့်ရေးကွင်း(၁)၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဦးဌေးအောင်၊ ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6765
Page
6766
Page
6767
Page
6768
Current page
6769
Page
6770
Page
6771
Page
6772
Page
6773
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department