Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပုဇွန်တောင်မြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုအား မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ လိုက်လံကြည့…
Oct 03,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းစတင်ကောက်ယူနေမှုအား ယမန်နေ့နံနက်တွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းလှိုင်၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးဌာနမှူး ဦးမိုးကျော်သူညွန့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခိုင်သီတာမြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငါးသိုင်းချောင်းမြို့ အ.မ.က(ရွှေဘို)၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်
Oct 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ(၃)ရက် နံနက်(၁၀)နာရီက အ.မ.က(ရွှေဘို)၌ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက် လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သထုံမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း တတိယနေ့ဆက်လက်ဆောင်ရွက်
Oct 03,2024
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကွင်းဆင်းကောက်ယူခြင်း တတိယနေ့ကို ယနေ့နံနက်ပိုင်းက ဆက်လက်ဆောင်ရွက်လျက်ရှိရာ ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများမှ လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မုံရွာမြို့တွင် ၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း တတိယနေ့ ကွင်းဆင်းဆောင်ရွက်
Oct 03,2024
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းကောက်ယူရေးလုပ်ငန်းများကို စာရင်းစစ်၊ စာရင်းကောက် အဖွဲ့ ၃၁ ဖွဲ့ကာ စုစုပေါင်း ၁၇၅ ဦးတို့သည် Mobile Tablet များအသုံးပြု၍ တစ်အိမ်တက်ဆင်းစနစ်ဖြင့် မုံရွာမြို့ အလယ်ရပ်ကွက်နှင့် အောင်မင်္ဂလာရပ်ကွက်တို့တွင် ယနေ့နံနက် ၇ နာရီက တတိယနေ့အဖြစ် ဆက်လက်ကွင်းဆင်းကောက်ယူလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းသား၊ ကျောင်းသူများကို အသိပညာပေးဟောပြော၍ ရွေ့လျားစာကြည့်တိုက်ဆောင်ရွက်
Oct 03,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဆောင်ရွက်သော အသိပညာပေးဟောပြောပွဲနှင့် ရွေ့လျားစာကြည့်တိုက်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲက အမှတ်(၃)ကျေးရွာရှိ ကုန်းလန်းအခြေခံပညာမူလတန်းလွန် ကျောင်းတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်းစာရင်း ကောက်ယူရေးလုပ်ငန်းများ ဆက်လက်ကောက်ယူ
Oct 03,2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းကောက်ယူရေးလုပ်ငန်းများကို အောက်တိုဘာလ ၁ ရက်နံနက်ပိုင်းမှစတင်၍ ယနေ့တတိယမြောက်နေ့ထိ မြို့ပေါ်နှင့် ရပ်ကွက်/ကျေးရွာများတွင် စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက တစ်အိမ်တက်ဆင်း ဆက်လက်ကောက်ယူလျက် ရှိသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို တစ်အိမ်တက်ဆင်းစာရင်းကောက်ယူမှုများပြုလုပ်
Oct 03,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်အတွင်း လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းမှစ၍ ရွှေတံခါးရပ်ကွက်အပိုင်း(၁)နှင့်အပိုင်း(၂)တို့တွင် မြို့နယ်စာရင်းစစ်၊ စာရင်းကောက်အဖွဲ့ဝင်များက တစ်အိမ်တက်ဆင်းလိုက်လံကောက်ခံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆိပ်ဖြူမြို့၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအား ဆက်လက်ကောက်ယူ
Oct 03,2024
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် နိုင်ငံတစ်ဝန်း ပြည်လုံးကျွတ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူလျက်ရှိရာ ဆိပ်ဖြူမြို့နယ်၌ အောက်တို ဘာလ (၁)ရက်နေ့မှစတင်ကာ မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်ဖြစ်သည့် ရွာသစ်ရပ်ကွက်၊ အနောက်ပိုင်းရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက်နှင့် ယောဝရပ်ကွက်တို့တွင် ကောက်ယူလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6755
Page
6756
Page
6757
Page
6758
Current page
6759
Page
6760
Page
6761
Page
6762
Page
6763
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department