Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တီးတိန်မြို့၌ မြို့တွင်းသန့်ရှင်းရေးဌာနဆိုင်ရာများ စုပေါင်းဆောင်ရွက်
Oct 27,2024
ချင်းပြည်နယ်၊ တီးတိန်ခရိုင်၊ တီးတိန်မြို့တွင် မြို့မထေရဝါဒဗုဒ္ဓသာသနာပြုဗဟိုကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီက ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဖိတ်ခေါ် ပိုက်ကျော်ခြင်း၊ ရိုးရာခြင်းလုံးနှင့် တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲ…
Oct 27,2024
ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ကျင်းပသည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ဖိတ်ခေါ်ပိုက်ကျော်ခြင်း၊ ရိုးရာခြင်းလုံးနှင့် တင်းနစ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို အောက်တိုဘာလ ၂၅ ရက်နေ့ ညနေပိုင်း၌ ပုသိမ်မြို့ ကိုးသိန်းအားကစားခန်းမတွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများနှင့် အသင်းနည်းပြ၊ အုပ်ချုပ်သူများ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရပ်စောက်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းအဖြစ် အဆိုပြုယှဉ်ပြိုင်ထားသောကျောင်းသို့ ဒုတိယအကြိမ်ကွင်းဆင်း စစ်ဆေး
Oct 27,2024
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းအဖြစ် အဆိုပြုဝင်ရောက်ယှဉ်ပြိုင် လျက်ရှိသည့် ရပ်စောက်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းခွဲ(အုန်းကွဲ)ကျောင်းအား ယမန်နေ့ နံနက် ၁၀ နာရီက ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးဆုစိစစ်ရွေးချယ်ရေးအဖွဲ့မှ သက်မှတ်အရည်အချင်းနှင့် ကိုက်ညီမှု ရှိ/မရှိ ဒုတိယအကြိမ် ကွင်းဆင်းစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်း (ကလောခရိုင်) လမ်းပိုင်း ပြုပြင်နေမှုအား ကြည့်ရှုစစ်ဆေး
Oct 27,2024
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် သဘာဝဘေးဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်း(ကလောခရိုင်) လမ်းပိုင်း ပြုပြင်နေမှုအား ယမန်နေ့ ညနေ ၃ နာရီက ကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး သန့်ရှင်းသာယာပြီး အဓွန့်ရှည်တည်တံ့နေစေရေးနှင့် လာရောက်ဖူးမြော်သူပြည်သူများ စိတ်ချမ်းသာမှုရှိစေရန် ဆောင်ရွက်…
Oct 27,2024
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၌ တည်ရှိသည့် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး သန့်ရှင်းသာယာပြီး အဓွန့်ရှည်တည်တံ့နေစေရေးနှင့် လာရောက်ဖူးမြော်သူပြည်သူများ စိတ်ချမ်းသာမှုရှိစေရန်အတွက် ဆောင်ရွက်ထားရှိမှုလုပ်ငန်းများအား ယမန်နေ့ နံနက် ၉ နာရီတွင် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ဌာနဆိုင်ရာများစုပေါင်း၍ မကွေးမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းနှင့် မြသလွန်စေတီတော်မြတ်ကြီးတို့တွင်…
Oct 27,2024
မကွေးတိုင်းဒေသကြီး သန့်ရှင်းသာယာလှပရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်များတွင် မြို့ပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပရေး အပတ်စဉ် (စနေနေ့တိုင်း)စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မကွေးမြို့ အမှတ်(၂)၊ အခြေခံပညာအထက်တန်းကျောင်းတွင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(၃၆)ကြိမ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် မြသလွန်စေတီတော်မြတ်ကြီးတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုတို့အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှု ဌာနချုပ်မှူးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ သွားရောက်၍ ကြည့်ရှုအားပေးသည်။
အပြည့်အစုံ ဖတ်ရန်
ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲနှင့် ၂၀၂၅ ကမ္ဘာ့ဖလား အားကစားပြိုင်ပွဲအတွက် လက်ရည်စစ်ပြိုင်ပွဲတွင် မြန်မာလှေလှော်အားကစားအဖွဲ့က ရွှေတံဆိပ်နှစ်ခုနှင့်…
Oct 27,2024
ICF က ကြီးမှူးကျင်းပသည့် ကမ္ဘာ့ဖလား နဂါးလှေလှော်ပြိုင်ပွဲနှင့် ၂၀၂၅ ခုနှစ် ချန်ဒူးတွင် ကျင်းပမည့် ကမ္ဘာ့အားကစားပြိုင်ပွဲ လက်ရည်စစ်ပြိုင်ပွဲ Championship နဂါးလှေလှော်ပြိုင်ပွဲအတွက် မြန်မာလှေလှော်အားကစားအဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိရာ အောက်တိုဘာ ၂၆ ရက်က မြန်မာလှေလှော်အားကစားအဖွဲ့က ရွှေတံဆိပ်နှစ်ခုနှင့် ငွေတံဆိပ်တစ်ခု ထပ်မံဆွတ်ခူးရရှိခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချမ်းအေးသာစံအနောက်ရပ်ကွက်၊ သာသနာလင်္ကာရ ဝါးတန်းဓမ္မာရုံ၊ ဗုဒ္ဓရုပ်ပွားတော် အနေကဇာတင်နှင့် ဓမ္မာရုံရေစက်ချပွဲပြုလုပ်
Oct 27,2024
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ချမ်းအေးသာစံအနောက်ရပ်ကွက်၊ သာသနာလင်္ကာရ ဝါးတန်းဓမ္မာရုံ၊ ဗုဒ္ဓရုပ်ပွားတော် ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းမင်္ဂလာနှင့် ဓမ္မာရုံရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားကို ၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် (၈)ရက်၊ အောက်တိုဘာလ ၂၅ ရက်၊ နံနက် ၉ နာရီက ၂၉(A)လမ်း၊ ၈၄×၈၅ လမ်းကြားရှိ အဆိုပါသာသနာလင်္ကာရ ဝါးတန်းဓမ္မာရုံတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6685
Page
6686
Page
6687
Page
6688
Current page
6689
Page
6690
Page
6691
Page
6692
Page
6693
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department