အမြို့မြို့အနယ်နယ်သတင်းများ

Nov 21,2024
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင် တံတားဦးမြို့နယ် သစ်တောဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း ရတနာထွန်းခန်းမတွင် မြို့နယ်သစ်တောဦးစီးဌာနမှ မီးခိုး/မြူငွေ့လျှော့ချရေးနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိ ပညာပေးဟောပြောပွဲကျင်းပကြောင်းသိရသည်။
Nov 21,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် မီးခိုး၊ မြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် သစ်တောများ၏ အခန်းကဏ္ဍဆိုင်ရာ အသိပညာပေးဟောပြော‌ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၁)အ‌ခြေခံပညာအထက်တန်းကျောင်းအစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
Nov 21,2024
(၃၅)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနား ( ကမ္ဘာ့ကလေးများနေ့ )ကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဟားခါးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ၊ ကျောင်းသူများ တက်ရောက်ကြသည်။
Nov 21,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေး Mobile စနစ်ဖြင့် စာအုပ်/စာစောင်များငှားရမ်းပေးခြင်းကို  ယနေ့နံနက် ၁၀ နာရီအချိန်က  လိပ်သိုမြို့ အမှတ်(၃) ရပ်ကွက်သို့  သွားရောက်၍ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Nov 21,2024
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အသိပညာပေးလုပ်ငန်းများကို လူထုအခြေပြုဗဟိုဌာနများတွင် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် (အကြို) မူလတန်းအဆင့် စာစီစာကုံး၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဟောပြောပွဲကို ယမန်နေ့ နေ့လယ် (၁) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထူအခြေပြုဗဟိုဌာန(Community Center)ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Nov 21,2024
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၌ တစ်နိုင်တစ်ပိုင်ဆိတ်မွေးမြူရေး လုပ်ကိုင်သူများအဆင်ပြေလျက်ရှိပြီး ဆိတ်မွေးမြူသူများအနေဖြင့်အစာစရိတ်သက်သာပြီး အရင်းအနှီးနည်းနည်းဖြင့် အပိုဝင်ငွေများ ရရှိနိုင်သော တစ်နိုင်တစ်ပိုင်ဆိတ်မွေးမြူရေးလုပ်ငန်းဖြစ်ပြီး ယခုအချိန်တွင် ဆိတ်ဈေးပြန်လည်လှုပ်လာ၍ မွေးမြူသူများအနေဖြင့် အဆင်ပြေလျက်ရှိကြောင်း ဆိတ်မွေးမြူသူ ဦးထွန်းအေးထံမှ သိရသည်။
Nov 21,2024
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဉက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အတွင်းရေးမှူးတို့လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားများ၊ မြို့မိမြို့ဖများနှင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
Nov 21,2024
(၃၅)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှစ်ပတ်လည်အထိမ်းအမှတ်၊ ကမ္ဘာ့ကလေးများနေ့အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအဖွဲ့ဝင်များ၊ အစိုးရမဟုတ်သော စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့်ကလေးသူငယ်များ တက်ရောက်ခဲ့ကြသည်။