အမြို့မြို့အနယ်နယ်သတင်းများ

Jun 21,2024
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကချင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကို ယနေ့နံနက် ၈ နာရီခွဲက အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း ရွှေသွေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Jun 21,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများအတွက် ၂၀၂၄ ခုနှစ်၊ မိုးရာသီ သီးနှံစိုက်ပျိုးထုတ်လုပ်မှုအတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးခြင်းကို ယနေ့ နေ့လယ် (၁) နာရီအချိန်က ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
Jun 21,2024
ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး ဒေါ်ယဉ်ယဉ်ဟန်သည် တိုင်းဒေသကြီးတရားရေး ဦးစီးမှူး ဒေါ်ထွေးထွေး၊ မအူပင်ခရိုင်တရားသူကြီး ဒေါ်အေးအေးမြင့်တို့နှင့်အတူ ဇွန် ၂၁ ရက်က မအူပင် အကျဉ်းထောင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ အကျဉ်းထောင်တာဝန်ခံအရာရှိက အကျဉ်းထောင်အတွင်း အခြေအနေများကို ရှင်းလင်းတင်ပြသည်။
Jun 21,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ယနေ့ နံနက် ၉ နာရီအချိန်မှာ မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာတက်ကြွသော လူကြီးဘဝသဘောတရားကိုအခြေခံ၍ ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးကြောင်း သိရသည်။
Jun 21,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဇီဝနည်းပညာသုတေသနဦးစီးဌာန ဘက်စုံသုံးခန်းမ၌ ဖွင့်လှစ်ခဲ့သည့် အခြေခံအပင်တစ်သျှူးမျိုးပွားနည်း(၂/၂၀၂၄)သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ(၁)နာရီက အဆိုပါ ဇီဝနည်းပညာသုတေသနဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 21,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့ နံနက်ပိုင်းမှ စတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Jun 21,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ဒေသခံတိုင်းရင်းသားပြည်သူများ အခမဲ့ရယူစိုက်ပျိုးနိုင်ရန်ရည်ရွယ်၍ ထင်းအစားထိုးနှင့် အရိပ်ရပျိုးပင်များကို မိုင်းခတ်မြို့နယ် သစ်တောဦးစီးဌာနတွင် ပျိုးပင်ပေါင်း (၂၀၀၀၀)ပျိုးထောင်ထားကြောင်း သိရသည်။
Jun 21,2024
စက်မှုလယ်ယာဦးစီးဌာနမှ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထား ဆောင်ရွက်လျက်ရှိရာ တိုင်းသူများ စိုက်ပျိုးသောဿီးနှံများ၏ အထွက်နှုန်း တိုးတက်ရေး သိပ္ပံနည်းကျ စိုက်ပျိုးသည့် နည်းစနစ်များ လိုက်နာကျင့်သုံးနိုင်ရေး ဝင်ငွေတိုးပွားစေရေးအတွက် သီးထပ်၊ သီးညှပ်များ တိုးချဲ့စိုက်ပျိုးရေး နည်းပညာများကို ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် အမှတ်(၉၉) စက်မှုလယ်ယာစခန်းမှ ဦးဆောင်ကျင်းပသော ညောင်ဦးမြို့နယ်၊ အပူပိုင်းဒေသ သုတေသနခြံ မြေဧရိယာ (၂) ဧကအတွင်း သီးနှံမျိုးစေ့ချကိရိယာဖြင့် မြေပဲမျိုး စေ့စိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပခဲ့ကြောင်း သိရသည်။