အမြို့မြို့အနယ်နယ်သတင်းများ

Jun 22,2024
ကရင်ပြည်နယ်၊ ဘားအံမြို့၊ နည်းပညာတက္ကသိုလ်(ဘားအံ)၌ ယာဉ်မတော်တဆဖြစ်စဉ်များကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ အသက်ဆုံးရှုံးမှု၊ လူမှုဘဝဆုံးရှုံးမှုများ လျော့နည်းစေရေးနှင့်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို ကျောင်းသား/ ကျောင်းသူများ သိရှိစေရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၉:၀၀)နာရီက နည်းပညာတက္ကသိုလ်(ဘားအံ) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ဒုတိယပါမောက္ခချုပ်နှင့် ဌာနမှူးများ ၊ ဆရာ / ဆရာမများ၊ ကျောင်းသား /ကျောင်းသူများ ၊ စုစုပေါင်း (၅၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
Jun 22,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ မြို့နယ်စည်ပင်သာယာရေးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုရန်ပုံငွေဖြင့် မြို့တွင်းရပ်ကွက်လမ်းများ တိုးတက်ကောင်းမွန်စေရန် ကွန်ကရစ်လမ်းခင်းကျင်းနေမှုများကို ဇွန်လ ၂၀ ရက်နေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Jun 22,2024
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကျောင်းသား၊ ကျောင်းသူ လူငယ်များ အသိပညာဉာဏ်ပညာ ဗဟုသုတတိုးပွားပြီး ဗလငါးတန်နှင့် ပြည့်စုံရန်ရည်ရွယ်၍ နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီမှကြီးမှူး၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက Wisdom Hill ကိုယ်ပိုင်ကျောင်း၌ ကျင်းပခဲ့သည်။
Jun 22,2024
ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၆ ခုနှစ်၊ နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့)အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ စေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာများ၌ ကျင်းပခဲ့သည်။
Jun 22,2024
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၌ မြန်မာ့အာမခံလုပ်ငန်း(ရမည်းသင်း)နှင့် ရမည်းသင်းခရိုင် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်တို့ပူးပေါင်း၍ ရာသီဥတုညွှန်းကိန်းသီးနှံ အာမခံအကြောင်း အသိပညာပေးဟောပြောပွဲနှင့် သီးနှံအာမခံလုပ်ငန်းများ လက်ခံဆောင်ရွက်ခြင်းတို့ကို ယမန်နေ့နံနက် ၁၀ နာရီက ရမည်းသင်းခရိုင် မြန်မာ့လယ်ယာဖွံဖြိုရေးဘဏ်၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 22,2024
ရန်ကုန်တိုင်းဒေသကြီး၊ ‌သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်း‌ကျောင်း(သော်က)၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဟောပြောခြင်း၊ သရုပ်ပြခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်  ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
Jun 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ရန်ပြေမာန်ပြေအောင်စကြာ စေတီတော်ဝန်းအတွင်းမှ ဘိုကလေးမြို့နယ်၏ အထင်ကရစေတီတော် တာဝတိံသာစေတီ‌တော်မြတ်ကြီးသည် ၁၉၇၃ ခုနှစ်တွင်လည်းကောင်း၊ စောင်းတန်းတော်ကြီးကို ၁၉၈၂ ခုနှစ်တွင်လည်းကောင်း တည်ထားကိုးကွယ်ခဲ့ရာ နှစ်ကာလကြာမြင့်ခြင်း၊ ရာသီဥတုဒဏ်ခံရခြင်း၊ စေတီတော်တည်စဉ်ကာလ၌ နည်းပညာအားနည်းခြင်းတို့ကြောင့် ၂၀၂၂ ခုနှစ် ဧပြီ (၂၉)ရက်နေ့ နံနက် ၂ နာရီခွဲအချိန်၌ စောင်းတန်းတော်ကြီး၏ အထက်ပိုင်း ပေ(၆၀)ခန့် ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။