Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မော်လမြိုင်ကျွန်းမြို့၌ ကျောင်းအပ်နှံရေး သီတင်းပတ်ဆိုင်းဘုတ် စိုက်ထူပွဲကျင်းပ
May 25,2026
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်၊ (အ.လ.က)တောရကျောင်းရှေ့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်စိုက်ထူပွဲကို မေ ၂၂ ရက်နေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြန်အောင်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် မြန်အောင်၌ ဖုံး၊ သွန်၊ လဲ၊ စစ် အဘိတ်ဆေးခတ်ခြင်းများ ကွင်းဆင်းဆောင်ရွက်…
May 25,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် မြန်အောင်၌ ဖုံး၊ သွန်၊ လဲ၊ စစ်အဘိတ်ဆေးခတ်ခြင်းများကို ယနေ့နံနက်ပိုင်းက မြန်အောင်မြို့ အမှတ်(၄) ရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက် နိုင်ငံသားစီစစ်ရေးကတ်ပြားများနှင့် UID ထုတ်ပေးခြင်း အခမ်းအနား ကျင်းပ
May 25,2026
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ စလင်းမြို့နယ်ဦးစီးမှူးရုံးမှ မြို့ပေါ်(၈)ရပ်ကွက်ရှိ အသက် ၁၈နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသူများ၊ အသက် ၁၀ နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအား ဖိတ်ခေါ်၍ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ထုတ်ပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ မိုးလုံလေလုံအားကစားခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေဘိုမြို့၌ ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံရေးနှင့် Placement Test အကြောင်း သိရှိစေရေး ဆောင်ရွက်
May 25,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ရွှေဘိုမြို့နယ်အတွင်းရှိ မြို့ပေါ်နေ ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံရေးနှင့် Placement Test အကြောင်း သိရှိစေရန်အတွက် ယမန်နေ့က ရွှေဘိုမြို့ပေါ်ရှိ ရပ်ကွက်များ၌ လှည့်လည်အသိပေး ဆော်ဩခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လွိုင်လင်မြို့၌ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များအကြို အခြေခံမီးသတ်ပညာသင်တန်း (၁/၂၀၂၆)ဖွင့်လှစ်
May 25,2026
မီးဘေးအန္တရာယ်စိုးရိမ်ရသည့် စက်သုံးဆီအရောင်းဆိုင်များ၊ စားသောက်ဆိုင်များ၊ ဈေးနှင့် လုပ်ငန်းရှင်နယ်ပယ်အသီးသီးမှ တာဝန်ရှိသူများအားသီးသန့်မီးသတ်တပ်ဖွဲ့ ဖွဲ့စည်းပြီး မီးငြိမ်းသတ်ရေးအကြိုအခြေခံပညာသင်တန်း အမှတ်စဉ်(၁/၂၀၂၆)သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက လွိုင်လင်မြို့နယ်မီးသတ်ဦးစီးဌာနခန်းမ၌ သင်တန်းဖွင့်ပွဲကျင်းပကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြစို့” မြေစိုက်ပိုစတာစိုက်ထူ…
May 25,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၌ ၂၀၂၆- ၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ပြည်သူအားလုံးပူးပေါင်းပါဝင်နိုင်ရေးအတွက် “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြစို့” မြေစိုက်ပိုစတာအား မေ ၂၂ ရက်နေ့နံနက်ပိုင်းက လမ်းမတော်လမ်းနှင့် ကြံခင်း-အကောက်တောင်လမ်းထောင့်တွင် စိုက်ထူပွဲအခမ်းအနား ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဖယ်ခုံမြို့၌မြို့နယ် အားကစားကော်မတီဥက္ကဋ္ဌ ချစ်ကြည်ရေးဖလားအလွတ်တန်းဖိတ်ခေါ် အမျိုးသား ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ…
May 25,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၆-၂၀၂၇ခုနှစ်၊ မြို့နယ်အားကစားပြန်လည်ဖွံ့ဖြိုးရေးအတွက် မြို့နယ်အားကစားကော်မတီဥက္ကဋ္ဌ ချစ်ကြည်ရေးဖလားအလွတ်တန်းဖိတ်ခေါ် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ဖယ်ခုံမြို့၊ ညောင်ကုန်းရပ်ကွက်ရှိ မြို့နယ်အားကစားကွင်းတွင်ကျင်းပရာ အမှတ်(၇)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်စစ်ဆင်ရေးကွပ်ကဲရေးမှူး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ဘောလုံးအားကစားချစ်သူပြည်သူများတက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
မြန်အောင်မြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြစို့” မြေစိုက်ပိုစတာစိုက်ထ…
May 25,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ပြည်သူအားလုံးပူးပေါင်းပါဝင်နိုင်ရေးအတွက် “နိုင်ငံတော် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြစို့” မြေစိုက်ပိုစတာအား ယနေ့နံနက်က မြန်အောင်မြို့ရှောင်လမ်းဆုံ WELCOME TO MYANAUNG ရှေ့တွင် စိုက်ထူပွဲအခမ်းအနားကျင်းပသည်။ “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးအားလုံးကျောင်းအပ်နှံကြစို့” မြေစိုက်ပိုစတာအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းဆွေ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှုးကြီး ဝေလင်းနှင့် ခရိုင်ပညာရေးမှူး ဦးမြင့်အောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
454
Page
455
Page
456
Page
457
Current page
458
Page
459
Page
460
Page
461
Page
462
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department