အမြို့မြို့အနယ်နယ်သတင်းများ

Jul 18,2024
မြန်မာနိုင်ငံ၏နေ့ ထူးနေ့မြတ်များအား ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်‌စေရန် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ ၂ နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Commuinty Centrre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Jul 18,2024
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမိသားစုမှစုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၅ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Jul 18,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေးကုသရေးဦးစီးဌာနနှင့် အမှတ်(၃)အခြေခံပညာမူလတန်းကျောင်းတို့ပူးပေါင်း၍ ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများ ဖတ်ရှုလာစေရန်နှင့် အသိပညာဗဟုသုတများတိုးပွားလာစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၁၁ နာရီအချိန်ကခရမ်းမြို့ အမှတ်(၃) အခြေခံပညာမူလတန်းကျောင်းခန်းမ၌ နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။
Jul 18,2024
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန လူမှုဝန်ထမ်းရုံးခန်းမတွင် GENDER, CEDAW, NSPAW UNSCR -1325 အသိပညာပေးသင်တန်းကို ယနေ့နံနက် ၁၀ နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။
Jul 18,2024
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အစိုးရရပ်ကွက်ရှိ ရမ္မာဝတီခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်ပညာရေးမှူး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
Jul 18,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများသည် မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူနှင့် ကမ်းပြိုဘေးသင့်ပြည်သူများ ခေတ္တနေထိုင်သည့် ကယ်ဆယ်ရေးစခန်းသို့ ယမန်နေ့က သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
Jul 18,2024
ကရင်ပြည်နယ် ၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသခံပြည်သူများအနေဖြင့် ဥယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်/နှစ်တို ပင်သီးနှံများကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ယခင်နှစ်များတွင် နနွင်းများ ဈေးကောင်းရရှိခြင်းကြောင့် နနွင်းများကို ပိုမိုတိုးချဲ့စိုက်ပျိုးလုပ်ကိုင်လာပြီး ယခုအချိန်တွင်နနွင်းပင်များ အောင်မြင်စွာဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။