အမြို့မြို့အနယ်နယ်သတင်းများ

May 25,2026
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာ KG တန်းမှ Grade-12  ကျောင်းသားကျောင်းသူများအား  အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေ(၂၅)ရက်မှစတင်၍ ကျောင်းအပ်လက်ခံခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ မိဘအုပ်ထိန်းသူများ၊ ကျောင်းသားကျောင်းသူများ လာရောက် အပ်နှံလျက်ရှိကြောင်းသိရသည်။
May 25,2026
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းသားကျောင်းသူများအား မေ ၂၅ ရက် နံနက်  ၉ နာရီက စတင်၍ ကျောင်းအပ်စတင်လက်ခံလျက်ရှိရာ ကျောင်းအပ်လာသူ ကျောင်းသား/ကျောင်းသူများ များပြားလျက်ရှိကြောင်း သိရသည်။
May 25,2026
မန္တလေးတိုင်းဒသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် မေ ၂၅ ရက် နံနက် ၉ နာရီမှစတင်၍ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှု လက်ခံခြင်းများကို စတင်ဆောင်ရွက်လျက်ရှိသည်။
May 25,2026
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်ကြားပို့ချသည့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို ယနေ့ နံနက် ၁၀ နာရီက မြင်းခြံတက္ကသိုလ် ဘက်စုံသုံးခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
May 25,2026
မန္တလေးတိုင်းဒေသကြီးမလှိုင်မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများတွင်၂၀၂၆-၂၀၂၇ပညာသင်နှစ်အတွက်  ကျောင်းအပ်လက်ခံခြင်းလုပ်ငန်းများကို ယနေ့နက် ၈ နာရီမှစတင်၍   လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
May 25,2026
‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊  ရဲမွန်တောင်ရပ်ကွက်၌ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် (၁)မှ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီးသော နိုင်ငံ့သားကောင်းများအား ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
May 25,2026
၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ပလတ်စတစ်ညစ်ညမ်းမှုလျှော့ချရေးလှုပ်ရှားမှု Campaign ကို မေလ ၂၅ ရက်နေ့ နံနက် ၇ နာရီခွဲက မန္တလေး၊ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ ၁၉လမ်း ၈၆လမ်းရှိ ညောင်ပင်ဈေးတွင် ဆောင်ရွက်ကြသည်။