အမြို့မြို့အနယ်နယ်သတင်းများ

Jul 19,2024
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် အခွန်အထောက်အကူပြုအဖွဲ့မှ မြို့နယ်အတွင်းရှိ ဘဏ်လုပ်ငန်းရှင်များ၊ ဟိုတယ်နှင့်တည်းခိုခန်းလုပ်ငန်းရှင်များအား အခွန်ဆိုင်ရာဥပဒေများနှင့် စပ်လျဉ်း၍ အသိပေးရှင်းလင်းပွဲကို ယမန်နေ့က အမှတ်(၄)ရပ်ကွက်၊ City Home ခန်းမ၌ ကျင်းပခဲ့သည်။
Jul 19,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နယ်အတွင်း စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ တိုးပွားစေရန်နှင့် စာပေမှရသော အသိအမြင်ဗဟုသုတများကို လူမှုဘဝတွင် ပြန်လည်အသုံးချနိုင်စေရန်ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်းပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို ယမန်နေ့ ညနေ (၄)နာရီက ကျင်းပခဲ့သည်။
Jul 19,2024
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဆိုင်ရာ ဥပဒေများနှင့်စပ်လျဉ်း၍ သိရှိနိုင်စေရန်အတွက် ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီက အမှတ်(၄)ရပ်ကွက်၊ City Home ခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်ပြည်သူများ တက်ရောက်ကြသည်။
Jul 19,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူး ပေါင်း၍ လူငယ်ရေးရာဟောပြောပွဲကို ယမန်နေ့နံနက် ( ၁၀)နာရီက သုံးခွမြို့နယ် အထက (မြို့မ)ကျောင်း စိန်ပန်းခန်းမတွင် ကျင်းပသည်။
Jul 19,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Jul 19,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ စုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က မြို့ကျက်သရေဆောင်သာသနာ့ဗိမ္မာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။
Jul 19,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် မြေဆီလွှာ တိုးတက် ကောင်းမွန်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး စပါး၊ ဆီထွက်သီးနှံ၊ ချည်မျှင်ရှည်ဝါ၊ ပိုက်ဆံလျှော် မျိုးစေ့များနှင့်သွင်းအားစု သဘာဝမြေဩဇာများ(အခမဲ့)ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ် ခဲ့ရကြောင်း သိရသည်။