Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဥတ္တရခရိုင်အတွင်းရှိ ဆည်၊ ရေလှောင်တမံများအား ရေအရည်အသွေးတိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်
Aug 16,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်အတွင်းရှိ ရေထုအရည်အသွေးအား သိရှိနိုင်ရန်နှင့် ကျန်းမာရေးထိခိုက်နိုင်မှုကို လျှော့ချနိုင်ရန်၊ ရေအရည်အသွေးဆိုင်ရာ အချက်အလက်များ စနစ်တကျကောက်ယူမှတ်တမ်းပြုစုနိုင်ရန်၊ စောင့်ကြပ်ကြည့်ရှုဆန်းစစ်နိုင်ရန်၊ ရေအရည်အသွေးစံချိန်စံညွှန်းများ ရေးဆွဲရာတွင် အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ ရေအရည်အသွေးတိုင်းတာခြင်းလုပ်ငန်များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်္ဂပူမြို့နယ်တွင် (၂၀၂၄) ခုနှစ် မိုးစပါးရေကြီးနစ်မြုပ်ဧရိယာများအား အစားထိုးပြန်လည် စိုက်ပျိုးပွဲနှင့် တောင်သူများအား မျိုးစပါး၊ သွင်းအားစု (ဓါတ်မ…
Aug 16,2024
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းအဆင့် ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့နံက်ပိုင်းက အင်္ဂပူမြို့နယ် တလိုင်းကွင်း ကျေးရွာအုပ်စု၊ တလိုင်းကွင်းကျေးရွာသို့ရောက်ရှိရာ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ အင်္ဂပူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများက ကြိုဆိုခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် ရန်ပုံငွေများခွဲဝေချထားရာတွင် စနစ်တကျစီမံခန့်ခွဲနိုင်ရေးအတွက် ပြည်နယ်အဆင့်ကျေးရွာစီမံကိန်းကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်း…
Aug 15,2024
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့အား သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြည်ရေးနှင့် ပန်းမြို့တော်အကောင်အထည်ဖော်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိ ရာ သြဂုတ် ၁၅ ရက် နံနက် ၇ နာရီခွဲက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဦးဆောင်၍ ဆွမ်ပရာဘွမ်လမ်းတစ်လျှောက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့နယ် အခြေခံပညာကျောင်းများတွင် ကျောင်းကျန်းမာရေးလုပ်ငန်းများကွင်းဆင်း ဆောင်ရွက်
Aug 15,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ဥာဏ်ရည်ထက်မြက်ပြီး ကျန်းမာသန်စွမ်းသော ကျောင်းသားလူငယ်များ ပေါ်ထွန်းလာစေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေး အလေ့အကျင့်ကောင်းများ ရရှိကျင့်သုံးနိုင်စေရန် ရည်ရွယ်၍ ကျောင်းကျန်းမာရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၀)နာရီက အမှတ်(၁) ရပ်ကွက်ရှိ၊ မြို့မ အခြေခံပညာမူလတန်းကျောင်း၌ ကျန်းမာရေး အသိပညာပေး ဟောပြောပွဲနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်တုန်းမြို့နယ်တွင် သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းမရှိစေရေးကွင်းဆင်းစစ်ဆေး
Aug 15,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းမရှိစေရေးစစ်ဆေးခြင်းကို ယနေ့နံက်ပိုင်းက မြို့နယ်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေဘိုခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community center)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး ပြပွဲနှင့် ပြိုင်ပွဲများကျင်းပ
Aug 15,2024
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသားလူငယ်များ ကာယဉာဏဖွံ့ဖြိုးတိုးစေရန်နှင့် စာကြည့်တိုက်နှင့်ရင်းနှီးပြီး စာပေကိုချစ်မြတ်နိုးသူများ ဖြစ်လာစေရန်ရည်ရွယ်၍ ပြပွဲပြိုင်ပွဲများကို ယနေ့နေ့လည်ပိုင်းက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတနော်မြို့နယ် အ.ထ.က (ခွဲ) အကယ်ချောင်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ
Aug 15,2024
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အနာဂတ်မျိုးဆက်သစ် ကျောင်းသားကျောင်းသူလူငယ်များ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယနေ့ နံနက် ၉ နာရီက အ.ထ.က (ခွဲ) အကယ်ချောင်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ညောင်တုန်းမြို့နယ်တွင် မြို့နယ်အဆင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 15,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
4358
Page
4359
Page
4360
Page
4361
Current page
4362
Page
4363
Page
4364
Page
4365
Page
4366
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department