Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကျောက်ဆည်မြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ချေးငွေများ ထုတ်ချေး
Aug 22,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးမွေးမြူထုတ်လုပ်သူများနှင့် အသေစားစီးပွားရေးလုပ်ငန်းများ လိုအပ်သောငွေကြေးအရင်းအနှီးများရရှိရေး၊ ရရှိသောငွေကြေးအရင်းအနှီဖြင့် မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်စေရေး၊ တိုးပွားလာသောရန်ပုံငွေများဖြင့် ကျေးရွာပိုင်မတည်ရန်ပုံငွေထူထောင်၍ ငွေကြေးအကျိုးအမြတ်များရရှိစေရန်နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ကျေးလက်ဒေသများတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပင်တလည်ကျေးရွာအုပ်စု၊ ထားဝယ်ကျေးရွာတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းချေးငွေများ (ပဉ္စမအကြိမ်) လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခရီးသွားပြည်သူများ သွားလာမှုအဆင်ပြေစေရေးအတွက် ပြည်-ရန်ကုန်အမှတ်(၇၂)အစုန်အမြန်ရထားလက်မှတ်များကို နေ့ရက်အလိုက် ကြိုတင်ရောင်းချပေးလျက်ရှိ
Aug 22,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ ပြည်ဘူတာကြီး၌ ခရီးသွားပြည်သူများ သွားလာမှုအဆင်ပြေစေရေးအတွက် ပြည်-ရန်ကုန်ပြေးဆွဲလျက်ရှိသော အမှတ်(၇၂) အစုန်အမြန်ရထားလက်မှတ်များကို နေ့ရက်အလိုက် ကြိုတင်ရောင်းချပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် မူလတန်းအဆင့် ပန်းချီပြိုင်ပွဲကျင်းပ
Aug 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား/သူများဉာဏ်ရည်၊ ဉာဏ်သွေး ထက်မြက်စေရန်နှင့် ဖြတ်ထိုးဉာဏ် ရင့်သန်စေရန် ရည်ရွယ်ပြီး ယမန်နေ့နေ့လယ်ပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် မူလတန်းအဆင့် ပန်းချီပြိုင်ပွဲ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့နယ်တွင် တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်
Aug 22,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ တာဝန်ရှိသူများက ယမန်နေ့တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာပေါင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်လစာငွေများ ပုံမှန်ဆက်လက်ထုတ်ပေး
Aug 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို လစဉ် (၂၁)ရက်နေ့မှ စတင်၍ ပုံမှန်လစဉ်တိုင်း ထုတ်ပေးလျက်ရှိရာ ယမန်နေ့နံနက် (၈) နာရီခွဲအချိန် ဆက်လက်ထုတ်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်မြို့ (ရွှေတံခါး) အခြေခံပညာအထက်တန်းကျောင်းသို့ ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်မြို့နယ်စာရေးဆ…
Aug 22,2024
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ (ရွှေတံခါး) အခြေခံပညာအထက်တန်းကျောင်းသို့ ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခြင်းများကို ယမန်နေ့ နံနက်ပိုင်းတွင် ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ကြီးမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်
Aug 22,2024
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် ပြည်သူ့ဆေးရုံတွင် ယမန်နေ့ နံနက်ပိုင်းက နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဟုမ္မလင်းခရိုင်အတွင်း မိုးစပါးများ ရေကြီးနစ်မြုပ် ထိခိုက်ပျက်စီးမှုအပေါ် တောင်သူများအား မျိုးစပါးနှင…
Aug 22,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်အတွင်း မိုးစပါးများ ရေကြီးနစ်မြုပ်ထိခိုက် ပျက်စီးမှုအပေါ် တောင်သူများအား မျိုးစပါးနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်ဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဟုမ္မလင်းတပ်နယ်မှူးနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
4314
Page
4315
Page
4316
Page
4317
Current page
4318
Page
4319
Page
4320
Page
4321
Page
4322
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department