Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပေါင်မြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃) အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Aug 22,2024
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပေါင်မြို့နယ်ရှိ ဝဲပတန်ကျေးရွာတွင် ယနေ့နံနက်ပိုင်းက ပန်းခင်းစီမံချက်အဆင့်(၃) အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့နယ် (အ.ထ.က)ချင်းမြောင်ကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Aug 22,2024
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတတ်စေရန်၊ အနာဂတ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်နှင့် အားကစားကဏ္ဍ ဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်း ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ပင်းတယမြို့နယ်၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲ ကျင်းပ
Aug 22,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းပါ “အသေးစား၊ အငယ်စား စီးပွားရေးလုပ်ငန်းများပေါ်ထွန်းလာစေရေး” ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း(လူသုံးကုန်)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ)ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre )ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဝရဒါဌာဓာတုစေတိယ စွယ်တော်မြတ်စေတီတော်(မန္တလေး)တွင် ဥပ္ပါတသန္တိကျမ်းမြတ်ရွတ်ဖတ်ပူဇော်ခြင်း ဖွင့်ပွဲမင်္ဂလာအခမ်းအနား ကျင်းပ
Aug 22,2024
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ ဥပ္ပါတသန္တိကျမ်းမြတ်ရွတ်ဖတ်ပူဇော်ခြင်း ဖွင့်ပွဲမင်္ဂလာအခမ်းအနားကို အမရပူရမြို့နယ်ရှိ မဟာဓမ္မရံသီ ကုန်းတော်မြတ်၌ တည်ထားကိုးကွယ်ထားသော ဝရဒါဌာဓာတုစေတိယစွယ်တော်မြတ်စေတီတော်(မန္တလေး)၊ ဂန္ဓကုဋိတိုက်တော်တွင် ယနေ့နံနက် ၉ နာရီက ကျင်းပရာ မန္တလေးတိုင်းဒေသကြီး၊ သံဃနာယကအဖွဲ့ဝင်၊ အမရပူရမြို့နယ် ဆင်ဖြူမယ်ကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော်ဘဒ္ဒန္တအဂ္ဂဉာဏအမှူးပြုသော ဆရာတော်သံဃာတော် ၁၀ ပါး ကြွရောက်တော်မူကြပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီးသာသနာရေးမှူးနှင့် ဂေါပကအဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဝတ်အသင်းများ တက်ရောက်ကြည်ညိုကြသည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုဒေသထွက် ကွမ်းသီးအနုများ ဈေးကောင်းရရှိနေ၍ ဆွတ်ခူးရောင်းဝယ်
Aug 22,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ကွမ်းသီးစိုက်ပျိုး ထွက်ရှိသော ကျေးရွာများတွင် ကွမ်းသီးအနုများကို ဆက်လက်ဆွတ်ခူးရောင်းဝယ်လျက်ရှိကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌ “မိခင်နို့ချိုတိုက်ကျွေးမှုစံပြမိခင်ပြိုင်ပွဲ” အခမ်းအနား ကျင်းပ
Aug 22,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က “မိခင်နို့ချိုတိုက်ကျွေးမှုစံပြမိခင်ပြိုင်ပွဲ” အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ကျေးရွာရှိ လယ်မြေများအတွင်း ခွင့်ပြုချက်မရှိ အခြားနည်းဖြင့် ကျူးလွန်အသုံးပြုထားသည့် နေအိမ်အဆောက်အဦများနှင့် ပတ်သက်၍ လု…
Aug 22,2024
အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ကျေးရွာရှိ လယ်မြေများအတွင်း ခွင့်ပြုချက်မရှိ အခြားနည်းဖြင့် ကျူးလွန်အသုံးပြုထားသည့် နေအိမ် အဆောက်အဦများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းရေကြည်မြို့နယ်အတွင်း ရေကြီးနစ်မြုပ်၍ ထိခိုက်ပျက်စီးသွားသော မိုးစပါးပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် မျိ…
Aug 22,2024
၂၀၂၄-၂၀၂၅ ခုနှစ် ရေကြည်မြို့နယ်အတွင်း ငဝန်မြစ်ရေ မြင့်တက်မှုနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေဝင်နစ်မြုပ်ခဲ့သည့် တောင်သူများအား မိုးစပါးပြန်လည် စိုက်ပျိုးနိုင်ရေးအတွက် မျိုးစပါးနှင့် ဓါတ်မြေဩဇာ သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲကို အခမ်းအနားကို ယမန်နေ့ မွန်းလွှဲ(၂) နာရီခွဲအချိန်က စိမ်းလဲ့ရေကြည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
4308
Page
4309
Page
4310
Page
4311
Current page
4312
Page
4313
Page
4314
Page
4315
Page
4316
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department