Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ ကျင်းပ
Dec 13,2024
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်မည့် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို အ.ထ.က(ခွဲ) ပဲခူးရပ်ကျောင်း ဗန္ဓုလဆောင်ခန်းမတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရာဂီမုန်တိုင်းအရှိန်ကြောင့် သီးနှံများ ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် တောင်သူများအား မျိုးစေ့နှင့် သွင်းအားစုများ ပေးအပ်
Dec 13,2024
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ရာဂီမုန်တိုင်းအရှိန်ကြောင့် သီးနှံများရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် တောင်သူများအား မျိုးစေ့နှင့်သွင်းအားစုများ ပေးအပ်ပွဲကို ဒီဇင်ဘာလ (၁၁) ရက်နေ့ ညနေ (၃) နာရီက ညောင်ရွှေမြို့နယ်၊ အင်းတိန်ကျေးရွာ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး လယ်ဝေးမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာအုပ်စု အဆင့်မြင့်စံပြလယ်ယာမြေ၌ နေပြည်တော်စက်မှုလယ်ယာဦးစီးဌာနမှ မြေဩဇာကြဲပက်…
Dec 13,2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာအုပ်စု အဆင့်မြင့်စံပြလယ်ယာမြေ၌ နေပြည်တော်စက်မှုလယ်ယာဦးစီးဌာနမှ မြေဩဇာကြဲပက်စက်၊ အစေ့ချစက်၊ စပါးရိုးပြတ်ဖြတ်စက်၊ ဆေးဖျန်းစက်များဖြင့် သရုပ်ပြစိုက်ပျိုးခြင်းသို့ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သထုံမြို့နယ်၊ နောင်ဘို(အမက)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲများ ပြုလုပ်
Dec 13,2024
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ယမန်နေ့နံနက်ပိုင်းက နောင်ဘိုကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပြီး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းခတ်မြို့၌ မီးခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြော
Dec 13,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် မြို့နယ်သစ်တောဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ မီးခိုးမြူငွေ့လျှော့ချရေး၊ လေထုညစ်ညမ်းမှုလျှော့ချရေးနှင့် သစ်တောသစ်ပင်များမှရရှိနိုင်သော အကျိုးကျေးဇူးများအကြောင်း အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က ဝမ်ခုတ်ကျေးရွာအုပ်စု၊ ပင်းကွေ့(လားဟူ)ကျေးရွာ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ပွင့်ဖြူမြို့နယ် ကံဆွယ်ကျေးရွာ မိုးစပါးစံပြကွက်စိုက်ခင်း စံကွက်ရိတ်သိမ်းနေမှုအား ကွင်းဆင်းကြည့်ရှု
Dec 13,2024
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် ကံဆွယ်ကျေးရွာ တောင်သူ ဦးမြသောင်း၏ ဧရာမင်း မိုးစပါးစံပြကွက်စိုက်ခင်းသို့ရောက်ရှိပြီး စံကွက်ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးကာ သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးမှာကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာနှင့် ကျောင်းတော်ရာကျေးရွာ ကျေးရွာစာကြည့်တိုက် အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအ…
Dec 13,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာနှင့် ကျောင်းတော်ရာကျေးရွာတို့တွင် ကျေးလက်နေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် အကောင်အထည်ဖော် ဆောက်လုပ်ပြီးစီးသည့် ကျေးရွာစာကြည့်တိုက် အဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနားများကို ဒီဇင်ဘာလ ၁၁ ရက်နေ့က အဆိုပါ ကျေးရွာများ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ တိုင်းဒေသကြီးအတွင်း စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်တို့က စာကြည့်တိုက်အဆောက်အဦသစ် (၂)လုံးကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ကျေးရွာစာကြည့်တိုက် ရေရှည်ရှင်သန်ဖွံ့ဖြိုးရေးအတွက် ကြိုးပမ်းလုပ်ဆောင်ကြရန် ဆွေးနွေးပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းခတ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး
Dec 13,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းနှင့် စာအုပ်များ အသစ်လဲလှယ်ပေးခြင်းကို အပတ်စဉ် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀)နာရီအချိန်က မိုင်းခတ်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ စာဖတ်ပရိသတ်များထံ စာအုပ်ငှားရမ်းပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
4290
Page
4291
Page
4292
Page
4293
Current page
4294
Page
4295
Page
4296
Page
4297
Page
4298
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department