အမြို့မြို့အနယ်နယ်သတင်းများ

May 26,2026
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုမြို့အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ပညာသင်ခွင့်ရရှိရေးအတွက် မေ (၂၅) ရက်မှစပြီး ကျောင်းအပ်နှံလက်ခံဆောင်ရွက်ပေးလျက်ရှိသည်။ ကျောင်းအပ်လက်ခံ​ရာတွင် ကျောင်းသားကျောင်းသူများအား ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံများကို ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
May 26,2026
‎တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ လောဖဝဖ၊င်းလုံးမြို့နယ်၊ကမြောကင်းကျေးရွာ အခြေခံပညာအထင်တန်းကျောင်း၌  ယမန်နေ့ နံနက် ၉ နာရီက ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများစတင်ကျောင်းအပ်လက်ခံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
May 26,2026
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် အစိုးရသစ်လက်ထက် ရက်(၁၀၀) “လမင်း” စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UIDကတ် ထုတ်ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးဌာနမှူးရုံး၌ ဆောင်ရွက်ကြောင်း သိရသည်။
May 26,2026
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အတွက် ကျောင်းအပ်လက်ခံခြင်းလုပ်ငန်းများကို မေ၂၅ရက်မှစတင်၍ လက်ခံ ဆောင်ရွက်နေပြီ ဖြစ်ကြောင်းသိရသည်။
May 26,2026
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ကော့သောင်းမြို့နယ် ဆယ်မိုင်ကျေးရွာအုပ်စု  ပါဆယ်ပါညှန်းကျေးရွာရှိ စိုက်ပျိုးရေးဦးစီးဌာန၊ နှစ်ရှည်သီးနှံဌာနခွဲ နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ(ရေတံခွန်) သင်တန်းခန်းမတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် ပြောင်းလဲလာသော ရာသီဥတုနှင့် လိုက်လျောညီထွေသော စိုက်ပျိုးရေးထုတ်လုပ်ခြင်း နည်းပညာပေး သင်တန်းကို မေ(‌၂၆)ရက် နံနက်ပိုင်းက  ပြုလုပ်သည်။
May 26,2026
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့်   ဌာနဆိုင်ရာများပူးပေါင်းပြီး    ကမ္ဘာ့ပတ်ဝန်းထိန်း သိမ်းရေးနေ့အကြို အသိပညာပေး လက်ကမ်းစာစောင်များ၊ ပလတ်စတစ်အိတ် မသုံးစွဲရနေ့ (Monday Stop)အစီအစဉ်ဖြင့်  Recycle Bag များနှင့် အသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေခြင်းတို့ကို မေ ၂၅ ရက် နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးအနီးတွင် ဆောင်ရွက်သည်။
May 26,2026
၂၀၂၆-၂၀၂၇ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၈:၃၀နာရီက ကော့ကရိတ်မြို့ အထက(၁)၌ ကျင်းပသည်။
May 26,2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးသည့်တောင်သူများအား ၂၀၂၆ခုနှစ်၊ မိုးစပါးစိုက်ပျိုးရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက် ၁၀နာရီမှစတင်၍ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ဝန်ထမ်းများက စနစ်တကျထုတ်‌ချေးပေးလျက်ရှိသည်။