အမြို့မြို့အနယ်နယ်သတင်းများ

Dec 14,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ရေချိုကျေးရွာတွင် နေကြာစိုက်တောင်သူများ ပန်းတိုင်အထွက်နှုန်းထွက်ရှိရေး ယူရီးယားဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာများပေးအပ်ပွဲကို ယမန်နေ့က အဆိုပါကျေးရွာရှိ ဓမ္မာရုံတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
Dec 14,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပညာ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲကို ဒီဇင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကမ်းကြီးကျေးရွာအုပ်စု၊ မရွှေဦးကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။
Dec 14,2024
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် နှစ်စဉ်ဒီဇင်ဘာလအား လူထုအားကစားလ အဖြစ်သတ်မှတ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူထုစုပေါင်းလမ်းလျှောက်ပွဲများ၊ စုပေါင်း ကိုယ်လက် ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ၊ ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများ၊ Physical Fitness Dance များ စုပေါင်းဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို နေပြည်တော်ကောင်စီမှ ဦးဆောင်၍ ယနေ့နံနက် ၅ နာရီခွဲတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ ကျင်းပသည်။
Dec 14,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဆုကိုယ်ပိုင်အထက်တန်းဆင့်သင်ကျောင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
Dec 14,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကျောင်းသား/ ကျောင်းသူ လူငယ်များအနေဖြင့် အသိပညာဗဟုသုတကြွယ်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆွေးနွေးမှုများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ နိုင်ငံတောအတွက် အကျိုးပြုနိုင်သော အနာဂတ်သားကောင်းရတနာ၊ သမီးကောင်းရတနာများ ပေါ်ထွန်းလာ‌စေရန် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် အ.ထ.က (ဟင်းငူ) တို့ ပူးပေါင်းကာ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်က အဆိုပါကျောင်းခန်းမ၌ ကျင်းပခဲ့ရာ စဉ့်ကိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းနှင့် ဝန်ထမ်းများ၊ အ.ထ.က (ဟင်းငူ) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်‌ဆွေဦးနှင့် ဆရာ/ ဆရာမများ၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
Dec 14,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အဆင့် မီးဘေးလုံခြုံရေး အထူးကျွမ်းကျင်မှုဆင့်ပွားသင်တန်း( Fire Safety Specialist Course) ဆင်းပွဲကို ယမန်နေ့ မွန်းလွဲ (၃) နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။
Dec 14,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် လူမှုရေးဆိုင်ရာစောင့်ရှောက်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ဆယ်အိမ်စုမှူးသင်တန်းကို ဒီဇင်ဘာလ(၁၁)ရက်နေ့မှ ဒီဇင်ဘာလ(၁၃)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးကာ သင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။