အမြို့မြို့အနယ်နယ်သတင်းများ

Dec 14,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့တွင် ကျောင်းအခြေပြုသားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံပေးခြင်းများကို ဒီဇင်ဘာလ(၁၂)နေ့ နံနက်(၉)နာရီအချိန်မှစ၍ အခြေခံပညာအထက်တန်းကျောင်းနှင့် မူလတန်းကျောင်းများတွင် ကွင်းဆင်းထိုးနှံပေးကြောင်း သိရှိရသည်။
Dec 14,2024
နှစ် (၅၀) ပြည့် ရွှေရတုရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများ အားဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နက်ပိုင်းက စစ်တွေမြို့၊ ဓညဝတီအားကစားခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Dec 14,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့ နေ့လယ်ပိုင်းက E- cigarette and Vape များရောင်းချခြင်းမပြုရန် စစ်ဆေးခြင်းနှင့်သတိပေး အသိပညာပေးခြင်းကို တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
Dec 14,2024
ကချင်ပြည်နယ်၊ ပူတာအိုမြို့၏ ဒီဇင်ဘာအားကစားလ ဒုတိယပတ် လူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာ (၁၄) ရက် နံနက်ပိုင်းတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဉီးစီး ဌာနရုံးရှေ့စုရပ်၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးစိုးထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးကျော်ကျော်လွင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းဆရာ/ မများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။
Dec 14,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ ရေပုတ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌၊ ယမန်နေ့နံနက် ၉ နာရီအချိန်က မင်းဘူးခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မီးဘေး၊ မြေပြိုဘေးစသော ဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောခဲ့သည်။
Dec 14,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌အခြေခံစားသောက်ကုန်များ ဈေးနှုန်းတည်ငြိမ်ရေး၊ ပြည်သူများ လွယ်ကူလွတ်လပ်စွာ ဝယ်ယူစားသုံး၍ ကုန်ပစ္စည်းပြတ်လပ်မှုမရှိစေရေး၊ ဆန်ဆိုင်များ ပုံမှန်လည်ပတ်ဖွင့်လှစ်၍ သတ်မှတ်စျေးနှုန်းဖြင့် ဆန်ရောင်းချခြင်းနှင့်စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ၊ မရှိကို ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်းပါ‌ဝင်သော ဌာနဆိုင်ရာတာဝန်ရှိသူများမှ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Dec 14,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ရွာကိုင်းကောင်းကျေးရွာအုပ်စု၊ ရွာကိုင်းကောင်းကျေးရွာ၌ ရေဆင်းစပ်မျိုးနေကြာမျိုးစေ့များ ပေးအပ်ပွဲနှင့် စိုက်ပျိုးပွဲအခမ်းအနားကို ယမန်နေ့က တောင်သူ ဦးအဲ့သိန်း၏ လယ်မြေ (၉.၀၀) ‌ဧကတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 14,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများ စိစစ်ရွေးချယ်ခြင်း ​ရေး​ဖြေစာ​မေးပွဲကို ဒီဇင်ဘာလ ၁၄ရက်၊ နံနက် ၉နာရီက အ.ထ.က (မိုင်းဖြတ်)တွင် ကျင်းပခဲ့သည်။