Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မကွေးမြို့တွင် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း(၃)မျိုး သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
Dec 17,2024
ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ကြီးကြပ်ဖွင့်လှစ်သည့် ဧည့်ကြိုသင်တန်း (Front Office)၊ အစားအစာနှင့် အဖျော်ယမကာဝန်ဆောင်မှုသင်တန်း (Food & Beverage Service) နှင့် အိပ်ခန်းဆောင်ထိန်းသိမ်းရေးသင်တန်း (House Keeping)စသည့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း (၃)မျိုးဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် မကွေးမြို့၊ ပုလဲရွှေရည်ဟော်တယ်၌ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ မန်နေဂျာများ၊ သင်တန်းဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန်
ဖြူးမြို့နယ်၊ လူငယ့်အားမာန် စိုက်ပျိုးရေးနှင့်လုပ်ငန်းစုံသမဝါယမအသင်း၏ စိုက်ပျိုးရေးကဏ္ဍ ဆီထွက်သီးနှံနေကြာစိုက်ပျိုးပြီးစီး
Dec 17,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ လူငယ့်အားမာန် စိုက်ပျိုးရေးနှင့်လုပ်ငန်းစုံ သမဝါယမအသင်း၏ ဆောင်းရာသီစိုက်ပျိုးရေးကဏ္ဍအနေဖြင့် ဆီထွက်သီးနှံဆောင်းနေကြာအား ဒီဇင်ဘာပထမအပတ်မှစတင်စိုက်ပျိုးခဲ့ရာ ဧက(၂၀)ခန့် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း အသင်းဥက္ကဋ္ဌ ဦးဝင်းလှိုင်ထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
တွံတေး၌ နို့စားနွားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကွင်းဆင်းစည်းရုံးဟောပြောပွဲပြုလုပ်
Dec 17,2024
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် နို့စားနွားဖွံ့ဖြိုးတိုးတက်စေရန်နှင့် မေထုန်မဲ့သားစပ်လုပ်ငန်းများအောင်မြင်စေရန်အတွက် ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က မင်းပိုင်းရပ်ကွက်၊ မြဂိုးကျေးရွာတွင် ကွင်းဆင်းစည်းရုံး ဟောပြောခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘိုကလေးမြို့နယ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ
Dec 17,2024
လူငယ်များ ဗလငါးတန်အပါအဝင် ကဏ္ဍစုံဖွံ့ဖြိုးတက်ရေးကိုရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ နယ်စပ်ဒေသလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ဒီဇင်ဘာ (၁၅)ရက် ညနေ(၃)နာရီအချိန်၌ လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုတ်လတ်မြို့၌ အကြိမ်(၈၀)မြောတ် မဟာဒုတ် ဘုရားပွဲတော်ကျင်းပ
Dec 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုတ်လတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွတ်၊ ၈ ဖြတ်လမ်းတွင် အကြိမ်(၈၀)မြောတ် မဟာဒုတ်ဘုရားကို တစ်နှစ်တာ ပင့်ဆောင်၍ အပူဇော်ခံခွင့်ရရှိမည့် ဘုရားဒါယကာ၊ ဒါယိကာမ ရွေးချယ်ပွဲကို ယမန်နေ့ ညနေ(၅)နာရီက စတင်ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
(အ.ထ.က)ရွှေသောင်ယံကျောင်းတွင် စုံညီပွဲတော်ကျင်းပနိုင်ရေး စုပေါင်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Dec 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ (အ.ထ.က)ရွှေသောင်ယံတွင် ယမန်နေ့နံနက်(၉)နာရီအချိန်က နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ကျောင်းစုံညီပွဲတော်အခမ်းအနားကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဓနုဖြူမြို့နယ်အတွင်းရှိ အသင့်စားမုန့်အမျိုးမျိုးနှင့်စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်
Dec 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ဓနုဖြူမြို့၊ ရပ်ကွက်၂၊ ရပ်ကွက် ၃၊ ရပ်ကွက် ၄ အတွင်းရှိ မုန့်မျိုးစုံအရောင်းဆိုင် (၁၂)ဆိုင်တွင် ရောင်းချလျက်ရှိသော အသင့်စားမုန့်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအား ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
သမိုင်းဝင်ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး၌ သုံးထပ်ဓမ္မာရုံအသစ် ဆောက်လုပ်ရန်မြေအား မြေသန့်မင်္ဂလာ အခမ်းအနားပြုလုပ်
Dec 17,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်တွင် တည်ထားကိုးကွယ်တော်မူသည့် သမိုင်းဝင်ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး၌ သုံးထပ်ဓမ္မာရုံအသစ် ဆောက်လုပ်ရန်မြေအား မြေသန့်မင်္ဂလာအခမ်းအနားကို ယနေ့ညနေ ၄း၃၀ နာရီအချိန်က သုံးထပ်ဓမ္မာရုံ ဆောက်လုပ်မည့်မြေနေရာ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
4177
Page
4178
Page
4179
Page
4180
Current page
4181
Page
4182
Page
4183
Page
4184
Page
4185
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department