Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပုသိမ်ကြီးမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Dec 16,2024
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံကျေးရွာအုပ်စု၊ ကျောက်ချောကျေးရွာ (၁၆) မိုင် တိုးဂိတ်ပူးပေါင်းစစ်ဆေးရေးစခန်းအနီး ပြင်ဦးလွင်အတက်လမ်းနှင့် အဆင်းလမ်းတို့တွင် ဒီဇင်ဘာ ၁၅ ရက်နေ့ နံနက်ပိုင်းက အမှတ်(၁၁) လူကုန်ကူးမှုနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (မန္တလေး)နှင့် မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့တို့၏ ပူးပေါင်းမှုဖြင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သရက်ချောင်းမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သံဂဟေဆက်သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
Dec 16,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉နာရီခွဲအချိန်က အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သံဂဟေဆက်သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ
Dec 16,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသနေပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူများ လူငယ်လူရွယ်များ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ကြီးမားပုံနှင့်ဆိုးကျိုးများအကြောင်း သိရှိရှောင်ရှားတတ်စေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၁ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့နယ်တွင် ပဲစဥ်းငုံ လျာထားဧက ၈၁၄၇ ဧကထက် ပိုမိုစိုက်ပျိုး အောင်မြင်ဖြစ်ထွန်း
Dec 16,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ပဲစဥ်းငုံသီးနှံ စိုက်ပျိုးရောင်းချခြင်းဖြင့် နှစ်စဥ်ဝင်ငွေတိုးပွား၍ နိုင်ငံခြားပို့ကုန်သီးနှံနှင့် ပြည်တွင်းစားနပ်ရိက္ခာဖူလုံစေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအား စိုက်ပျိုးစေလျက်ရှိကြောင်း သိရသည်။ ယခုအခါတွင် ပဲစဥ်းငုံသီးနှံအား စိုက်ပျိုးရန် လျာထား (၈၁၄၇ ဧကထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကာ အင်ကြင်းပင်လှကျေးရွာအုပ်စု အင်ကြင်းပင်လှကျေးရွာရှိ တောင်သူဦးကျော်နိုင် စိုက်ပျိုးထားသည့် ကွင်းအမှတ် (၅၄၂) ပဲစဥ်းငုံ (၅)ဧက စိုက်ခင်း အောင်မြင်ဖြစ်ထွန်းကြောင်း ပဲစင်းငုံစိုက်တောင်သူထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ကြီးမဏ္ဍိုင်မြို့တွင် ရုံးပတီများ ဈေးကောင်းရရှိ
Dec 16,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့သည် ရေခံမြေခံကောင်း၍ စိုက်ပျိုးရေးကို အခြေခံသည့် မြို့တစ်မြို့ဖြစ်သည်နှင့်အညီ ရာသီအလိုက် ဟင်းသီးဟင်းရွက်မျိုးစုံကို စိုက်ပျိုးလုပ်ကိုင်ကြရာ ရုံးပတီများအား စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပုံးမြို့နယ်တွင် ဒေသတစ်ခုထုတ်ကုန်တစ်ခုဆောင်ရွက်ရန်အတွက် ဒေသထွက်စတော်ဘယ်ရီနှင့် သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင…
Dec 16,2024
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဒေသတစ်ခုထုတ်ကုန်တစ်ခုဆောင်ရွက်ရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် ဒေသထွက်စတော်ဘယ်ရီနှင့် သီးနှံအခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က လွယ်အွန့်ကျေးရွာအုပ်စုရှိ ရန်ကင်းကျေးရွာစာကြည့်တိုက်တွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Dec 16,2024
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းအမှတ်စဥ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံးခန်းမ၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့တွင် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာ ပြိုင်ပွဲကျင်းပ
Dec 16,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက် နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာပြိုင်ပွဲကို ယနေ့ နံနက် (၉)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဧရာဝတီ ကျောင်းဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
4162
Page
4163
Page
4164
Page
4165
Current page
4166
Page
4167
Page
4168
Page
4169
Page
4170
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department