အမြို့မြို့အနယ်နယ်သတင်းများ

Sep 10,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ညောင်ကိုင်းကျောင်း၌ ကျင်းပခဲ့သည်။
Sep 10,2024
လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ အသိပညာဗဟုသုတရရှိပြီး နိုင်ငံတော်အတွက် အကျိုးပြုနိုင်သော ကျောင်းသား၊ကျောင်းသူများ ပေါ်ထွက်လာစေရန်၊ လူအများအလယ်တွင် ရဲဝံ့စွာ ပြောဆိုတတ်စေရန်၊ နှုတ်မှုစွမ်းရည်၊ အပြောစွမ်းရည်များ တိုးတက်လာစေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ပိုမိုတိုးတက်လာစေရန်တို့ကို ရည်ရွယ်ကာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး  လူငယ်စကားဝိုင်းကို အ.ထ.က(စဉ့်ကိုင်)ရှိ သဇင်ခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့သည်။
Sep 10,2024
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်၊ ၈၉လမ်း၊ ၈×၉ လမ်းကြားရှိ ညောင်ကွဲရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့ရုံးရှေ့တွင်  မြို့နယ်အရန်မီးသတ်တပ်ဖွဲ့၊ တပ်ခွဲ (၃)တပ်ခွဲမှူး မောင်မောင်(ခ)ဇော်ဝင်းအောင်၊ ရပ်ကွက်အရန်မီးသတ်တပ်ဖွဲ့၊ တပ်စုမှူး တင်မောင်ဆန်း နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များနှင့် စေတနာရှင်၊ အလှူရှင်များပူးပေါင်း၍ ရပ်ကွက်အတွင်း လေးပြင်လေးရပ်မှ ဆွမ်းခံကြွရောက်လာသော ရဟန်း၊ သံဃာအပါး ၁၄၅ ပါးကျော်အား  ဆွမ်း၊ ကြက်သား၊ အာလူး၊ ကုလားပဲချက်၊ ငါးလေးခြောက်၊ ငရုပ်သီးကြော်၊ ပဲတီချဉ်သုပ်စသည့် ဆွမ်း၊ ဆွမ်းဟင်းများဖြင့် (၁၆၈)အကြိမ်မြောက်အဖြစ် ဘုံဆွမ်းလောင်းလှူဒါန်းကြကြောင်း သိရသည်။
Sep 10,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ မြောက်ရှားတောကျေးရွာအုပ်စု မဟာဝိဇယာရာမိ(ပါဠိတက္ကသိုလ်)စာသင်တိုက်၊ တတိယနာယက မြို့နယ်သံဃနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တဝေပုလ္လမထေရ်မြတ်အား မဟာဝိဇယာရာမိက ရွှေတောင်ကျောင်းတိုက် ပဓာနနာယကဆရာတော်အဖြစ် ကျောင်းတင်/ကျောင်းအပ်မင်္ဂလာနှင့် ကျောင်းတိုက်အတွင်း အများကောင်းမှုဖြင့်ပေါင်းစု၍ ဆောက်လုပ်ပြီးစီးခဲ့သော ကျောင်းတော်ကြီးအား ရေစက်ချမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင်  စာကြည့်တိုက်များ တိုးတက်မြင့်မားစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)အချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Sep 10,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်မြို့ဖြစ်သည့်အားလျော်စွာဒေသခံပြည်သူများမှာ အသက်မွေးဝမ်းမှုအဖြစ် စိုက်ပျိုးရေးကို အဓိကလုပ်ဆောင်လျက်ရှိရာ လက်ဖက်စိုက်ပျိုးခြင်းလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ယခုမိုးတွင်းအချိန်ဖြစ်သော်လည်း လက်ဖက်စိုများဝယ် လိုအားကောင်းပြီး ဈေးကောင်းရရှိကြောင်း သိရသည်။
Sep 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများစာဖတ်ရှိန်မြှင့်တင်စေရန်နှင့် စာပေမှရရှိသည့် ဗဟုသုတများတိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဝန်ထမ်းများအား ဌာနဆိုင်ရာရုံးများအရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Sep 10,2024
ကချင်ပြည်နယ်အတွင်း ဖူဆယ်အားကစားတိုးတက်မြင့်မားရေး၊ မျိုးဆက်သစ်လူငယ်အားကစားသမားများ ပေါ်ထွန်းလာ‌ရေးအတွက် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ဘောလုံးအဖွဲ့ချုပ်၊ ပြည်နယ်ဖူဆယ်ဆပ်ကော်မတီနှင့် YFT ဖူဆယ်ဘောလုံးကလပ်တို့ ပူးပေါင်းကျင်းပသည့် YFT မိုးရာသီအလွတ်တန်း ကလပ်ပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို မြစ်ကြီးနားမြို့ သီတာရပ်ကွက် ငြိမ်းချမ်းသာယာအားကစားရပ်ဝန်း အတွင်းရှိ ငြိမ်းချမ်းသာယာဖူဆယ်အားကစားရုံ၌ ကျင်းပပြုလုပ်သည်။