Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဒိုက်ဦးမြို့ အနန္တဂုဏ်ရည်ဆေးခန်း၌ လူနာများအား အခမဲ့ ဆေးကုသပေး
Dec 15,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အမှတ် ၆ မင်းတဲရပ်ကွက်ရှိ ပါမောက္ခ ဒေါက်တာသန်းလွင်(အသည်းအထူးကုပါရဂူ) ဆောက်လုပ်လှူဒါန်းသော ဒေါ်ခင်ချစ်ဓမ္မာရုံရှိ အနန္တဂုဏ်ရည်ဆေးခန်း၌ ယမန်နေ့နံနက်ပိုင်းက အထွေထွေရောဂါဖြစ်ပွားသောရဟန်းရှင်/လူ လူနာပေါင်း (၂၅၀)ဦးကျော်အား အခမဲ့ ဆေးကုသပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လွိုင်ကော်မြို့၌ အသက်မွေးဝမ်းကြောင်းအထောက်အကူပြု မော်တော်ဆိုင်ကယ် စက်ပြင်သင်တန်းဖွင့်လှစ်
Dec 15,2024
ပြည်နယ်တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် လွိုင်ကော်မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပေါင်းစပ်၍ ပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝမြှင့်တင်နိုင်ရေးနှင့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက်ရည်ရွယ်၍ မော်တော်ဆိုင်ကယ်စက်ပြသင်တန်းဖွင့်ပွဲ အခမ်းအနားအား ယမန်နေ့ နံနက် ၉ နာရီအချိန်က လွိုင်ကော်မြို့၊ ဒေါတမရပ်ကွက်ရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လေ့ကျင့်ပျိုးထောင်ရေးစင်တန် သင်တန်းခန်းမ၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
သာယာဝတီမြို့နယ်၌ ယခုနှစ် စိုက်ပျိုးရာသီတွင် ဖူးစားပြောင်း ဧက ၂၀၀၀ ကျော် စိုက်ပျိုးအောင်မြင်
Dec 15,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်ရှိ ကျေးရွာများတွင် ဖူးစားပြောင်းစိုက်တောင်သူများသည် ယခုနှစ်တွင် ဧက ၂၀၀၀ ကျော် စိုက်ပျိုးထားကာ အောင်မြင်ဖြစ်ထွန်းပြီး ပြောင်းဖူးဈေးကောင်းသောကြောင့် တွက်ချေကိုက်ကာ အဆင်ပြေလျက်ရှိကြောင်း ပြောင်းစိုက်ပျိုးသူများထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အတွင်း စုပေါင်းသန့်ရှင်းလုပ်ငန်းများ…
Dec 15,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသည့် ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာဖြင့် ကျန်းမာသန်စွမ်းစွာ ပညာသင်နိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ဝန်းအတွင်းရှိ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/မများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/သူများမှ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ ဟင်းသီးဟင်းရွက် စိုက်ပျိုးတောင်သူများ အောင်မြင်ဖြစ်ထွန်းပြီး မိသားစုဝင်ငွေတိုးပွား
Dec 15,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မုန်းချောင်းရေနှင့်မြေအောက်ရေကိုအမှီပြု၍ တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက်စားပင်သီးနှံမျိုးစုံ စိုက်ပျိုးတောင်သူများ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး နေ့စဉ်မိသားစုဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာမှ ဒေသခံတောင်သူများထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်တုန်းမြို့နယ်တွင် အမှိုက်ကင်းစင်သန့်ရှင်းရေးနှင့် သစ်ပင်စိုက်ပျိုးပွဲ စုပေါင်းဆောင်ရွက်
Dec 15,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အမှိုက်ကင်းစင်သန့်ရှင်းရေးနှင့် သစ်ပင်စိုက်ပျိုးပွဲစုပေါင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်း ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့နယ်တွင် ဆေးလိပ်အစားထိုး အီး-စီးကရက် (Vape) ရောင်းချခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး
Dec 15,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် အများပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူ လူငယ်များ သုံးစွဲရန်မသင့်သော ဆေးလိပ်အစားထိုး အီး - စီးကရက် (Vape) ရောင်းချခြင်း ရှိ/ မရှိ လိုက်လံစစ်ဆေးခြင်းကို ယမန်နေ့နံနက် (၉) နာရီအချိန်က မြို့ပေါ်ရပ်ကွက်များရှိ စတိုင်းဆိုင်များတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တာချီလိတ်မြို့၊ အ.လ.က-ခွဲ(တာလော့) ပြန်လည်ဖွင့်လှစ်နိုင်ရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Dec 15,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ အခြေခံပညာအလယ်တန်းကျောင်းခွဲ(တာလော့) ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် စာသင်ခန်းများအတွင်း ရေကြီးရေလျှံမှုဖြစ်ပွားခဲ့စဉ်က တင်ကျန်ရစ်သည့် ရွှံ့နုန်းများကို ယမန်နေ့နံနက် ၇ နာရီခွဲက ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ ဦးဆောင်မှုဖြင့် စုပေါင်းရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
4157
Page
4158
Page
4159
Page
4160
Current page
4161
Page
4162
Page
4163
Page
4164
Page
4165
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department