Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကဝမြို့နယ်နှင့် ပဲခူးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင…
Dec 21,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒီဇင်ဘာ (၁၉)ရက်နေ့နံနက်ပိုင်းက အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ကဝမြို့နယ်နှင့် ပဲခူးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြိတ်တက္ကသိုလ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ
Dec 21,2024
တနင်္သာရီတိုင်းဒေသကြီး မြိတ်တက္ကသိုလ်၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယမန်နေ့ နံနက် (၁၀) နာရီက တက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမတွင် ကျင်းပခဲ့ရာ ရှေးဦးစွာ တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုပါမောက္ခချုပ်၊ ဘာသာရပ်ဌာနအသီးသီးမှ ပါမောက္ခဌာနမှူးများနှင့် တွဲဖက်ပါမောက္ခများအား ကျောင်းသား/ သူများအား မိတ်ဆက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် နှစ်(၆၀)ပြည့် မြန်မာ့သွေးလှူရှင်များနေ့အထိမ်းအမှတ် စေတနာသွေးလှူရှင်များ စုပေါင်းသွေးလှူဒါန်းပွဲသို့ တက်ရောက်အားပေးချီးမြှင့…
Dec 21,2024
ကချင်ပြည်နယ် စေတနာသွေးသန့် သွေးလှူရှင်များအသင်းကကြီးမှူး၍ နှစ်(၆၀)ပြည့် မြန်မာ့သွေးလှူရှင်များနေ့အထိမ်းအမှတ် စေတနာသွေးလှူရှင်များ စုပေါင်းသွေးလှူဒါန်းပွဲကို ယမန်နေ့နံနက် (၉)နာရီခွဲက မြစ်ကြီးနားမြို့ ကုတင်-၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး အမျိုးသားသွေးလှူဘဏ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့မဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြ
Dec 21,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေးနှင့်မီးဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်ရေး ရည်ရွယ်ချက်ဖြင့် မီးငြှိမ်းသတ်ခြင်းလက်တွေ့သရုပ်ပြပွဲကို ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်က သဲကုန်းမြို့မဈေးကြီး၌ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျေးသီးမြို့နယ်ရှိ Gas အရောင်းဆိုင်ရာများအား မီးဘေးလုံခြုံရေး စစ်ဆေး
Dec 21,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်တွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် ပြည်သူများ မီးဘေးအန္တရာယ်မှကင်းဝေးစေရေး ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့က မြို့နယ်အတွင်းရှိ Gas အရောင်းဆိုင်များအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တာချီလိတ်မြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ ငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Dec 21,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ဥပဒေတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၉)နာရီက အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ဓနုဖြူမြို့နယ်၊ ကျောင်းစုတိုက်နယ်အတွင်းရှိ ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေးကုသမ…
Dec 21,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်စွာလွင် ဦးဆောင်သည့် အထူးကုဆရာဝန်ကြီးများနှင့် သူနာပြုဆရာမကြီးများ စုစုပေါင်း (၅၁) ဦး ပါဝင်သည့်အဖွဲ့သည် ဓနုဖြူမြို့နယ်၊ ကျောင်းစုတိုက်နယ်အတွင်းရှိ ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေးကုသမှုများဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကျောင်းစုတိုက်နယ်ပြည်သူ့ဆေးရုံ၌ ကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ “ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့” အထိမ်းအမှတ်အခမ်းအနား တက်ရောက်
Dec 21,2024
၂၀၂၄ ခုနှစ်၊ မွန်ပြည်နယ် “ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက် ရောဂါတိုက်ဖျက်ရေးနေ့” အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ရောဂါအသစ်ကူးစက်ခံရမှုအနေဖြင့် ၂၀၀၀ ခုနှစ်မှာ အမြင့်ဆုံးဖြစ်ခဲ့ပြီး အသစ်ကူးစက်မှု လူ ၃၀,၀၀၀ ဦးနီးပါးရှိခဲ့ကြောင်း၊ ၂၀၂၃ခုနှစ်မှာတော့ လူ ၁၀,၄၀၀ ဦးအထိ ကျဆင်းလာတာကို တွေ့ရကြောင်း၊ HIV ရှိ/မရှိ စစ်ဆေးခြင်းကို ဆေးရုံဆေးခန်းများမှာသာမက HIV ဖြစ်ပွားမှုနှုန်းမြင့်မားတဲ့ ဦးတည်အုပ်စု၀င်တွေ ပိုမိုလက်လှမ်းမီနိုင်ဖို့ လူထုအခြေပြုလုပ်ငန်းကိုပါ ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်မှ အေအာတီဆေးနှင့် ဆေးပစ္စည်းများ ဝယ်ယူရန် နှစ်စဉ်ဘဏ္ဍာငွေများ တိုးမြှင့်ချထားပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ခုနှစ် ဘဏ္ဍာနှစ်အတွက်လည်း ကျပ် ၃၃,၆၀၀ သန်းကို ပေးထားကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် မိတ်ဖက်အဖွဲ့အစည်းများ၊ ပြည်သူများအားလုံး လက်တွဲပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် အိပ်ချ်အိုင်ဗွီပိုးကူးစက်မှု အသစ်မရှိစေရေး၊ HIV ပိုးရှိသူများ၊ ဝေဒနာရှင်များအား ခွဲခြားနှိမ့်ချမှု ကင်းစင်ရေး၊ ပြုစုကုသစောင့်ရှောက်မှုများ လက်လှမ်းမီရရှိကာ သေဆုံးမှုများလျှော့ချရေးစသည့် ရည်မှန်းချက်များ ပြည့်မီကာ အိပ်ချ်အိုင်ဗွီပိုးကူးစက်မှုကင်းဝေးတဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ထွက်လာနိုင်ရန် ယုံကြည်ပါကြောင်း ပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
4126
Page
4127
Page
4128
Page
4129
Current page
4130
Page
4131
Page
4132
Page
4133
Page
4134
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department