အမြို့မြို့အနယ်နယ်သတင်းများ

Dec 19,2024
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုမြင့်မားတိုးတက်ရေးအတွက်တောင်သူ ပညာပေးဆွေးနွေးဟောပြောပွဲကို ယမန်နေ့က မြို့နယ်စိုက်ပျိုးရေးရုံး၌ ဆောင်ရွက်သည်။
Dec 19,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်နှင့်မြို့နယ်ရုံးများတွင် တာဝန်ထမ်း‌ဆောင်နေကြသည့် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းသဘောသဘာဝနှင့် ရုံးလုပ်ငန်းတာဝန်များကို သိရှိနားလည်ပြီး မိမိတို့တာဝန်ယူဆောင်ရွက်ရသည့် ရုံးလုပ်ငန်းများကို မှန်ကန်မြန်ဆန်စွာနှင့် ထိရောက်၊ ထက်မြက်စွာဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ရုံးစာရေးသားနည်းသင်တန်းကို ယမန်နေ့ နံနက်ပိုင်းတွင် ခရိုင်ပြည်သူ့စာကြည့်တိုက်၌ ကျင်းပသည်။
Dec 19,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာ‌ပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ အစိုးရနည်းပညာအထက်တန်းကျောင်း (နေပြည်တော်)၌ ကျင်းပခဲ့သည်။
Dec 19,2024
မန္တလေးတိုင်းဒေသကြီးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ခရိုင် ၁၀ ခုမှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့မှ တိုင်းဦးစီးမှူးများ တက်ရောက်ကြသည်။
Dec 19,2024
ပြည်နယ်အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းကော်မတီအစည်းအဝေး အမှတ်စဉ်(၄/၂၀၂၄-၂၀၂၅)ကို ယမန်နေ့ နံနက် ၉ နာရီခွဲက တောင်ကြီးမြို့၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Dec 19,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ ၂၁ရက်နေ့ နံနက်(၆)နာရီတွင် မီနီမာရသွန်အပြေးပြိုင်ပွဲအား ပြိုင်ပွဲအမျိုးအစား(၃)မျိုးဖြင့် မူဆယ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစီးနာယက ဦးအောင်ဇော်မိုးကြီးမှူးပြီး အားကစားနှင့်ကာယပညာဦးစီးဌာနက ပူးပေါင်းကျင်းပဆောင်ရွက်သွားမည် ဖြစ်ပါသည်။