အမြို့မြို့အနယ်နယ်သတင်းများ

May 28,2026
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်မှ နိုင်ငံ့တာဝန်ကိုကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့သားကောင်းရတနာ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂)မှ ပြည်သူ့စစ်မှုထမ်းများအား အိမ်ပြန်ခရီးလမ်းတွင် တာဝန်ရှိသူများနှင့် မိသားစုဝင်များအပြင် ဒေသခံပြည်သူများကပါ ဝမ်းမြောက်စွာဂုဏ်ပြုကြိုဆိုခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ကျင်းပသည်။
May 28,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးဖို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁)နာရီက အမှတ်(၂) အခြေခံပညာအထက် တန်းကျောင်း တေဇခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
May 28,2026
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှကြီးကြပ်၍ သက်ဆိုင်ရာဌာနတာ၀န်ရှိသူများနှင့်အတူ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
May 28,2026
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို အ.ထ.က (ဘောလခဲ)ကျောင်း၌ မေ ၂၆ ရက် နံနက်ပိုင်းက ကျင်းပသည်။
May 28,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ရွှေသူဌေးရပ်ကွက်ရှိ အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း ကျန်စစ်သားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
May 28,2026
မြန်မာ-ဂျပန်မိတ်ဖက် စီးပွားရေးလုပ်ငန်းရှင်များအသင်း (MABA) ၏ (၁ဝ)နှစ်ပြည့်အခမ်းအနားနှင့် Mandalay -Japan Festival” ပြပွဲ၊ ပြိုင်ပွဲများကို လာမည့် ဇွန် ၆ ရက်နှင့် ၇ ရက်တို့တွင် မန္တလေးမြို့၊ မင်္ဂလာမန္တလေး (Promotion Area)၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲကို ယမန်နေ့ညနေပိုင်းက မင်္ဂလာမန္တလေး unit 6 တွင် ကျင်းပသည်။