ငပုတော မေ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ပိုးလောင်းကျေးရွာအုပ်စု၊ မယ်သီလစမ်းကျေးရွာတွင် ငပုတောမြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးကျော်နိုင်စိုးမှ “သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ” ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် တောအုပ်ကြီးဦးကျော်နိုင်စိုးက ကမ္ဘာ့ဂေဟစနစ်အတွက် သစ်တောသယံဇာတနှင့် ရေသယံဇာတများ၏ အရေးပါပုံ၊ သစ်တောသယံဇာတနှင့် ရေသယံဇာတများ ပျက်စီးဆုံးရှုံးမှုများအကြောင်း၊ ထိန်းသိမ်းရေးနည်းလမ်းများ၊ မီးခိုးမြူငွေ့ အန္တရာယ်နှင့် မီးခိုးမြူငွေ့လျှော့ချရေးလုပ်ငန်းများ၊ တောမီးထိန်းသိမ်းကာကွယ်ရေးနှင့် Fire Hotsopt ဖြစ်ပေါ်မှုအခြေအနေများ၊ ငပုတောမြို့နယ်မှ ဆောင်ရွက်လျက်ရှိသည့် သစ်တောကာကွယ်ရေး၊ ရေသယံဇာတထိန်းသိမ်းရေးလုပ်ငန်းများကို အသိပညာပေး ဟောပြောခဲ့ပြီး အသိပညာပေးဟောပြောပွဲသို့ သစ်တောဝန်ထမ်း (၂) ဦး၊ မယ်သီလစမ်း ကျေးရွာသား (၃၂) ဦး၊ ကျေးရွာသူ (၄၆) ဦး၊ စုစုပေါင်း (၈၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)