အမြို့မြို့အနယ်နယ်သတင်းများ

Jan 07,2025
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၌ ချမ်းမြေ့ငွေကြေးသမဝါယမအသင်းစုလီမိတက်၏ (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်မှ (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်များအတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ဇန်နဝါရီ ၅ ရက်နေ့ နံနက် (၈) နာရီခွဲအချိန်က ရွှေဘုံသာခန်းမ၌လည်းကောင်း မြို့နယ်သမဝါယမအသင်းစု လီမိတက်၏ (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို မြို့နယ်သမဝါယမအသင်းစုခန်းမတွင် နေ့လည် (၁) နာရီအချိန်တွင်လည်းကောင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 07,2025
သရက်မြို့နယ် ရေဘွက်ကျေးရွာ ရေဘွက်စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းက စိုက်ပျိုးထားသော ရေဆင်းစပ်မျိုး ၁ နေကြာစိုက်ပျိုးထားရှိမှုအခြေအနေများကို မကွေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိတာရီထွန်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။
Jan 07,2025
မဟာအောင်မြေမြို့နယ်၊‌ ရွှေဘုန်းရှိန်ရပ်ကွက်၊ မြို့နယ် မိခင်နှင့်ကလေးအသင်းပိုင် သားဖွားခန်း(၁)၌ "မွေးကင်းစအရွယ် မှ ၂ နှစ်အရွယ် ကလေးများ၏  ခန္ဓာကိုယ်ဖွံံ့ဖြိုးမှုပြိုင်ပွဲ "အခမ်းအနားအား ယမန်နေ့နံနက်ပိုင်းက မဟာအောင်မြေမြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဇင်မာထွန်းဦးစီး၍ ကျင်းပပြုလုပ်ခဲ့ရာအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်မမနှင့်အဖွဲ့၀င်များ၊ မန္တလေးတိုင်း‌ ဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်မီမီစိုးနှင့်အဖွဲ့၀င်များ၊ မဟာအောင်မြေခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်၀င်းဝင်းသန်းနှင့်အဖွဲ့၀င်များ၊ မဟာအောင်မြေမြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဇင်မာထွန်းနှင့်အဖွဲ့၀င်များ တက်ရောက်ခဲ့ပြီး မိခင်နှင့်ကလေးအသင်းပိုင်သားဖွားဆရာမများနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆရာမများက ပြိုင်ပွဲ၀င် ကလေးငယ်များအား “အရပ်၊ ကိုယ်အလေးချိန်တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ပေးခြင်း” များ ဆောင်ရွက်ခဲ့ပြီး ဆုရရှိကလေးများအား ဆုများချီးမြှင့်ပေးခဲ့သည်။
Jan 07,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးကာကွယ်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာများ အသိပညာပေးဟောပြောပွဲကို၊ ဇန်နဝါရီ(၇)ရက်နေ့ နံနက်(၉)နာရီက လေးရွာအခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 07,2025
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းတိုက်ရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်း (၂) ကျောင်းမှ သံဃာတော်အရှင်သူမြတ်များနှင့် အသက် (၈၅) နှစ်အထက် အဘိုးအဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ယနေ့နံနက် (၉) နာရီမှစတင်၍ ကွင်းဆင်းကုသဆောင်ရွက်ပေးခဲ့ကြသည်။
Jan 07,2025
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း (ဝက်ထီးကန်) ၏ စခန်း အခြေပြု ပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါစခန်းသင်တန်းခန်းမ၌ ကျင်းပခဲ့သည်။
Jan 07,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောက်ဆည်မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး ယမန်နေ့မွန်းလွဲ (၂) နာရီက လူထုအခြေပြုဗဟိုဌာနတွင် ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) ရေးသားသည့် “ဆရာကိုချစ်မှ စာကိုချစ်သည်” စာအုပ်စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။