သရက်မြို့နယ်၌ နေကြာစိုက်ပျိုးထားရှိမှုအား ကွင်းဆင်းကြည့်ရှု

သရက် ဇန်နဝါရီ ၇

သရက်မြို့နယ် ရေဘွက်ကျေးရွာ ရေဘွက်စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းက စိုက်ပျိုးထားသော ရေဆင်းစပ်မျိုး ၁ နေကြာစိုက်ပျိုးထားရှိမှုအခြေအနေများကို မကွေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိတာရီထွန်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ရေဘွက်စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းဥက္ကဋ္ဌ ဦးကိုကိုကျောက ရုရှားသဘာဝရွက်ဖြန်းမြေဩဇာသုံးစွဲပြီးနောက် နေကြာပင်များ ပိုမိုကြီးထွား ဖြစ်ထွန်းလာမှုအား ရှင်းလင်းတင်ပြပြီး ဒုတိယညွှန်ကြားရေးမှူးက လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ရန် မှာကြား ခဲ့ပါသည်။

သမဝါယမအသင်းသားပိုင် မြေဧက (၅၀၀) တွင် ရေဆင်းစပ်မျိုး ၁ နေကြာစိုက်ပျိုးထားရှိပြီး ထွက်ရှိလာသော နေကြာများကို အောင်လံမြို့နယ် သမဝါယမအသင်းစုပိုင် ဆီစက်တွင်ကြိတ်ခွဲရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

 ဇော်ထက်(သရက်)