အမြို့မြို့အနယ်နယ်သတင်းများ

Jan 10,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အခြေခံပညာမူလတန်းကျောင်း(ဝမ်ကတ်)၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 10,2025
ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ် အ.ထ.က(ရွှေတောင်) ရတနာခန်းမ၌ ယနေ့နံနက်ပိုင်းက Grade-5နှင့်Grade-9 သင်ကြားသင်ယူမှုအရည်အသွေး ပိုမိုထိရောက်စေရန် မြို့နယ်အဆင့် ဆွေးနွေးပွဲ သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။
Jan 10,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့တို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အဆိုပါခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 10,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ ဟောင်ကန်ကျေးရွာအုပ်စု၊ ဝမ်မတ်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 10,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးခွင့်ပြုငွေဖြင့် ဆောင်ရွက်ခဲ့သည့် ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းပြီးစီးမှုကို ယနေ့နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Jan 10,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအသိ/မီးဘေးသတိရှိစေရန်နှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်နှိုးဆော်ခဲ့သည်။
Jan 10,2025
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့် စဝ်စံထွန်းဆေးရုံကြီးတို့ပူးပေါင်း၍ ရှမ်းပြည်နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်ကြီးများသို့ အထူးကုကွင်းဆင်း ဆေးကုသမှုဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက်ရှိ အရိယဝံသ မြို့ဦးကျောင်းတိုက်ရှိ စိန်ရတုကျောင်းဆောင်တွင် ပြုလုပ်သည်။
Jan 10,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း (၁/၂၀၂၄)ဆင်းပွဲအခမ်းအနားကို   ယနေ့နံနက်(၈)နာရီခွဲက ကုန်းကြီး‌ကျေးရွာဓမ္မာရုံ၌ ကျင်းပခဲ့သည်။