Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
နတ်မောက်မြို့နယ်၌ ၂၀၂၄-ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်း ဖွင့်လှစ်
Oct 10,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် သန်းခေါင်စာရင်းကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းကို ယနေ့နံနက် ၉နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မောက်မယ်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အခမ်းအနားမှူးသင်တန်း ဖွင့်လှစ်
Oct 10,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများတို့ပူးပေါင်းပြီး ဌာနဆိုင်ရာဝန်ထမ်းများ စကားပြောစွမ်းရည်မြင့်မားပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အခမ်းအနားမှူးသင်တန်းကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီးအစိုးအရအဖွဲ့မှ ယာယီနေရာပြောင်းရွှေ့ မွန်တိုင်းရင်းသား ကျောင်းသား/ သူများအား ဆန်၊ ဆီ၊ ရိက္ခာများ ထောက်ပံ့ပေးအပ်
Oct 10,2024
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပုလောမြို့နယ်၊ ကျောက်တောင်ရွာမှ မြိတ်မြို့သို့ ယာယီနေရာပြောင်းရွှေ့ ပညာသင်ကြားနေကြသည့် မွန်တိုင်းရင်းသား ကျောင်းသား/ သူများအား ရာမညနိကာယမွန်ကျောင်းတွင် ဆန်၊ ဆီ၊ ရိက္ခာများကို ယနေ့ နံနက်ပိုင်းက ထောက်ပံ့ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လမ်းမတော်မြို့နယ် အ.လ.က (၁)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ
Oct 10,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် အ.လ.က (၁)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲတို့ကို အောက်တိုဘာလ ၈ ရက်နေ့ နံနက် (၉) နာရီအချိန်က အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်း မြမာလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ မွန်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွ…
Oct 10,2024
၂ဝ၂၄ ခုနှစ်၊ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ မွန်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်များ၏ ဖျော်ဖြေတင်ဆက်မှုအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ပြိုင်ပွဲများ၏ အဆို ဘာသာရပ်၊ အကဘာသာရပ်နှင့် အတီးဘာသာရပ်များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြမှုအပါ် ကြည့်ရှုအားပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မောက်မယ်မြို့နယ်၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးအတွက် လူငယ်စကားဝိုင်း ကျင်းပ
Oct 10,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် လူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားလာစေရန်၊ ကိုယ်ရည်ကိုယ်သွေးများနှင့် နှုတ်မှုစွမ်းရည်များဖွံ့ဖြိုးတိုးတက်၍ စကားပြောအတတ်ပညာ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာပြောဆိုတတ်စေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့် သတ္တိများရှိလာစေရန်၊ လူငယ်များအချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စဉ်းစားတွေးခေါ်မှုစွမ်းရည်များရင့်သန်လာစေရန်နှင့် ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးအတွက် “လူငယ်စကားဝိုင်း”ကို ယမန်နေ့မွန်းလွဲ ၂ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သာစည်မြို့နယ်တွင် အင်ဂျင်စွမ်းအားသုံးလက်စွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြသ
Oct 10,2024
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် ဒေသခံတောင်သူများ စက်ပစ္စည်းကိရိယာများအသုံးပြုခြင်း အကျိုးကျေးဇူးများကို သိရှိနားလည်ခြင်းဖြင့် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းရာတွင် ပိုမိုလျင်မြန်စွာ ကူးပြောင်းနိုင်မည်ဖြစ်ရာ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၂၆)စက်မှုလယ်ယာစခန်း သာစည်မြို့မှ အင်ဂျင်စွမ်းအားသုံး ခြောက်တန်းသွားလက်စွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက ကွင်းအမှတ် (၁၉၃၂) အင်းကုန်းကျေးရွာတောင်သူ ဦးအောင်မြင့်၏ လယ်မြေနှစ်ဧက၌ ပြုလုပ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလောမြို့၌ ယာယီခိုလုံရေဘေးသင့်ကယ်ဆယ်ရေးစခန်းများ ပြန်လည်ပိတ်သိမ်း
Oct 10,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့တွင် စက်တင်ဘာလ ၁၀ ရက်နေ့မှ ၁၂ နေ့အထိ မိုးသည်းထန်စာရွာသွန်းပြီး တောင်ကျရေများစီးဆင်းမှုကြောင့် ရေကြီး၊ ရေလျှံမှုဖြစ်ပွားခဲ့ပြီး စက်တင်ဘာလ ၁၁ ရက်နေ့တွင် ဘုန်းတော်ကြီးကျောင်းများနှင့် ဘာသာရေးကျောင်းများတို့တွင် ရေဘေးကယ်ဆယ်ရေးစခန်း ၁၂ ခုဖွင့်လှစ်၍ ရေဘေးသင့်ပြည်သူများအား ပြန်လည်ထူထောင်ရေး၊ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး၊ ရုပ်ပိုင်းဆိုင်နှင့် စိတ်ပိုင်းဆိုင်ရာခံစားချက်များအားပေး ကူညီဖေးမအားပေးစကားပြောကြားခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့တွင် ရေဘေးသင့်ကယ်ဆယ်ရေးစခန်းများ ပြန်လည်ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
3901
Page
3902
Page
3903
Page
3904
Current page
3905
Page
3906
Page
3907
Page
3908
Page
3909
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department