Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၌ သီတင်းကျွတ်မီးထွန်းပွဲတော် ဖွင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်
Oct 16,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ယမန်နေ့ညနေပိုင်းက ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်း၌ သီတင်းကျွတ်မီးထွန်းပွဲတော် ဖွင့်ပွဲအခမ်းအနားအား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောင်တွင်းကြီးမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ၁၀၀ ရာခိုင်နှုန်း အောင်မြင်စွာ ကောက်ယူပြီးစီး
Oct 16,2024
နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒများ ချမှတ်ခြင်း၊ စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များကို ရရှိစေရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းစဉ်များကို အောက်တိုဘာ (၁)ရက်နေ့မှ စ၍ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များ၊ စေတနာ့ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်း၍ ဆောင်ရွက်ခဲ့ရာ အောက်တိုဘာ (၁၅)ရက်နေ့တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမှုများ အောင်မြင်စွာ ကောက်ယူပြီးစီးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ကြီးမြို့၌ မော်တော်ယာဉ်ပေါ်သို့ ဆိုလာဘတ္ထရီများ တင်ဆောင်ရာမှ မီးလောင်မှုဖြစ်ပွား
Oct 16,2024
တောင်ကြီးမြို့၊ ကန်ရှေ့ရပ်ကွက်၊ နယ်မြေ (၃) ၊ ဧရာဝတီလမ်း၊ အမှတ် (၃၆) ရှိ ပင်လုံ - လဲချား၊ ကုန်စည်ပို့ဆောင်ရေးကားဂိတ်အတွင်း၌ ယာဉ်အမှတ် - SHN – 18/ 7P-7622(NISSAN DIESEL) ဖြူညိုကြားမော်တော်ယာဉ်ပေါ်သို့ ပစ္စည်းများတင်ဆောင်စဉ် ယမန်နေ့ညနေ ၅ နာရီက မီးလောင်မှုဖြစ်ပွားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောင်တွင်ကြီးမြို့၌ သီတင်းကျွတ်အခါသမယ ဒေသထွက်ဆီမီးခွက်များနှင့် မီးပုံးများ အရောင်းသွက်
Oct 16,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့၌ သီတင်းကျွတ်အခါသမယ ဆီမီးထွန်းညှိပူဇော်ရန်အတွက် ဒေသထွက်ဆီမီးခွက်များနှင့် မီးပုံးများ အရောင်းသွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အာဆီယံအပေါင်းသုံးအရေးပေါ်ဆန်ရိက္ခာ (APTERR) အစီအစဉ်(၃)အရ ကိုရီးယားသမ္မတနိုင်ငံမှ လှူဒါန်းသော ဆန်နှင့်ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ ဆန်ရိက္ခာဖိုး ကယားပြ…
Oct 16,2024
ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် ယနေ့နေ့လယ်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပသည့် အာဆီယံအပေါင်းသုံးအရေးပေါ်ဆန်ရိက္ခာ (APTERR) အစီအစဉ်(၃)အရ ကိုရီးယားသမ္မတနိုင်ငံမှ လှူဒါန်းသောဆန်တန်ချိန် (၂၀.၂၁) တန်အား ပြည်နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လွိုင်လင်လေးမြို့ရှိ ယာယီနေရပ်စွန့်ခွာ အိမ်ထောင်စု (၅၈)စုသို့ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးနှင့် ဆန်ရိက္ခာဖိုး တစ်လစာ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူးမြို့နယ် တောင်မန်းကျေးရွာတွင် စာကြည့်တိုက်အဆောက်အဦသစ် ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနား ကျင်းပ
Oct 16,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် တောင်မန်းကျေးရွာတွင် ပြည်သူများ စာပေအသိပညာ ဗဟုသုတ တိုးပွားစေရန်နှင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ဆောက်လုပ်မည့် စာကြည့်တိုက်အဆောက်အဦ ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါကျေးရွာရှိ စာကြည့်တိုက်အဆောက်အဦသစ် ဆောက်လုပ်မည့် မြေနေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လယ်ဝေးမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ရာနှုန်းပြည့် ကောက်ယူပြီးစီး
Oct 16,2024
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်တွင် ၂၀၂၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများအား အောက်တိုဘာ ၁ ရက်မှစတင်၍ မြို့နယ်သန်းခေါင်စာရင်းကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်/ကျေးသန်းခေါင်စာရင်း ကော်မတီများ၊ စာရင်းစစ်၊ စာရင်းကောက် ဆရာ၊ဆရာမများ ပူးပေါင်း၍ ကောက်ယူခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ် သမော်အင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)ရန်ပုံငွေ ထုတ်ချေး
Oct 16,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သမော်အင်းကျေးရွာတွင် ပထမအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
3875
Page
3876
Page
3877
Page
3878
Current page
3879
Page
3880
Page
3881
Page
3882
Page
3883
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department