Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
နမ့်ဆန်၌ (Novel Corona Virus) ကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆက်လက်ဆောင်ရွက်
Feb 25,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့နယ်ကုသရေးဦးစီးဌာမှ ဝန်ထမ်းများတို့က (Novel Corona Virus) ကြိုတင်ကာကွယ်ရေး လုပ်ငန်းအဖြစ် ခရီးသည်ကားများနှင့် ကုန်တင်ယာဉ်များတွင် လိုက်ပါလာသော ခရီးသည်များတို့ကို ကျန်းမာရေးစစ်ဆေးခြင်းများ ဆက်လက်ဆောက်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ် အကောင်းဆုံးကျေးရွာအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်
Feb 25,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ် အကောင်းဆုံးကျေးရွာဖြစ်သည့် ပန်တိန်းကျေးရွာအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ၁နာရီခွဲက ပန်တိန်းကျေးရွာ ခန်းမဆောင်၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရေးမြို့နယ်၌ ပြည်သူပူးပေါင်းပါဝင်သော မြို့နယ်စီမံကိန်းရေးဆွဲခြင်း (ဒုတိယအကြိမ်) အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Feb 25,2020
မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ကုလသမဂ္ဂအဖွဲ့ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့ ပူးပေါင်းကာ ပြည်သူပူးပေါင်းပါဝင်သော မြို့နယ်စီမံကိန်းရေးဆွဲခြင်း (ဒုတိယအကြိမ်) အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက် သင်တန်းဖွင့်ပွဲ မယ်စဲ့ မြို့နယ်တွင် ကျင်းပ
Feb 25,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက် အကူပြု အဆင့်မြင့်အပ်ချုပ်စက်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် (၁၁) နာရီက မယ်ဆည်နမ်ကျေးရွာခန်းမဆောင်၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အိမ်တွင်းအကြမ်းဖက်မှုမှ ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲနှင့် မြို့နယ်အတွင်းရှိ မသန်စွမ်းသူများအတွက် Wheel Chairs ပေးအပ်လှူဒါန်းခြင်း အခမ်းအနား တီး…
Feb 25,2020
ချင်းပြည်နယ် တီးတိန်မြို့၌ အိမ်တွင်းအကြမ်းဖက်မှုမှ ကာကွယ်တားဆီးရေးအသိပညာပေး ဟောပြော ပွဲနှင့် တီးတိန်မြို့နယ်အတွင်းရှိ မသန်စွမ်းသူများအတွက် Wheel Chairs ပေးအပ်လှူဒါန်းခြင်းကို နိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ဇနီး (Dingdi Dream Organization နာယက) ဒေါက်တာအန်နာရွှေလွှမ်း ဦးဆောင်ပြီး မြို့မ BAG အသင်းတော်ဘုရားကျောင်း၌ ယမန်နေ့က ပြုလုပ် သည်။
အပြည့်အစုံ ဖတ်ရန်
အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ရပ်ရွာအခြေပြု စက်ချုပ်သင်တန်း မောက်မယ်၌ ဖွင့်လှစ်
Feb 25,2020
ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် တစ်ပိုင်တစ်နိုင် အသက်မွေး ဝမ်းကျောင်းပြုနိုင်ရေးအတွက် ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ရပ်ရွာအခြေပြု စက်ချုပ်သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက နမ့်ယွန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တာမိုးညဲမြို့၌ သက်ကြီးရွယ်အို စုစုပေါင်း(၃၆၈)ဦးကို လှူဖွယ်ပစ္စည်းများ ထောက်ပံ့လှူဒါန်း
Feb 25,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့တွင် နေထိုင်ကြသည့် အသက်(၇၅)နှစ် အထက်ရှိ သက်ကြီးရွယ်အိုစုစုပေါင်း(၃၆၈)ဦးကို ကွတ်ခိုင်မြို့၊ အမှတ်(၂)မဲဆန္ဒနယ်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က ယမန်နေ့ နံနက်(၁၀)နာရီတွင် လှူဖွယ်ပစ္စည်းများ ထောက်ပံ့ လှူဒါန်းခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တီးတိန်မြို့နယ်တွင် တောင်ဇလပ်ပန်းများ ထိန်းသိမ်းကာကွယ် တန်ဖိုးထားစေရေး အသိပညာပေး လှုပ်ရှားမှု ဆောင်ရွက်
Feb 25,2020
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် Fort White တောင်ဇလပ်ချစ်သူများအသင်းမှ "တောင်ဇလပ်ပန်းများမခူးဘဲ ထိန်းသိမ်းကာကွယ်တန်ဖိုးထား" အသိပညာပေး စတစ်ကာ ဖြန့်ဝေခြင်း နှစ်ရက်တာ လှုပ်ရှားမှုကို ယမန်နေ့မှ စတင်၍ ကနေဒီတောင် Fort White၊ Thangmual လမ်းခွဲတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
30992
Page
30993
Page
30994
Page
30995
Current page
30996
Page
30997
Page
30998
Page
30999
Page
31000
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department