Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
နိုင်ငံခြားသား ခရီးသွားဧည့်သည်များ တာချီလိတ်နယ်စပ်မှ တစ်ပတ်အတွင်း ၁၅၂၈၄ ဦးဝင်ရောက်လည်ပတ်
Mar 02,2020
တာချီလိတ်နယ်စပ်ဝင်ပေါက်မှတစ်ဆင့် နိုင်ငံခြားသားခရီးသွားဧည့်သည်များ နေ့စဉ်ဝင်ရောက် လည်ပတ်လျက်ရှိရာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ ထိုင်းနိုင်ငံသား အများစုပါဝင်သည့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားဧည့်သည် နေ့ချင်းပြန်နှင့် ညအိပ်ခရီးစဉ်အဖြစ် စုစုပေါင်း ၁၅၂၈၄ ဦး ဝင်ရောက်လည်ပတ်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ တာချီလိတ်ရုံးခွဲမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆွမ်ပရာဘွမ်မြို့နယ်၌ အခြေခံစားသောက်ကုန်၊ လူသုံးကုန်နှင့် အလှကုန်ပစ္စည်းများ ပြုလုပ်နည်း သင်တန်းဆင်းပွဲ ကျင်းပ
Mar 02,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများအတွက် အခြေခံစားသောက်ကုန်၊ လူသုံးကုန်နှင့် အလှကုန်ပစ္စည်းများပြုလုပ်နည်း အခမဲ့ သင်တန်းဆင်းပွဲကို ဘန်ရူးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ (Covid-19) အသိပညာပေးဟောပြော
Mar 02,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် တာဝန်ရှိ ဌာနဆိုင်ရာများ အဖွဲ့သည် ကျေးလက်နေပြည်သူများအား သဘာဝသစ်တောထိန်းသိမ်းမှုရှိစေရေး၊ ကျန်းမာရေးတွက် ကြိုတင်ကာကွယ်မှု ရှိစေရေးအတွက် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေး၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါ (Covid-19 ) အသိပညာပေး ဟောပြောပွဲကို ရပ်ကွက်နှင့် ကျေးရွာများတွင် စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီက မွန်ကာကျောင်းကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာ အ.မ.က ကျောင်းတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံမြို့ အထွေထွေရောဂါကုဆေးရုံကြီး၌ သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့် ကုသခြင်းတွင် အသုံးပြုရန် Cold Coagulation Machine ပေးအပ်လှူဒါန်း
Mar 02,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့အထွေထွေရောဂါကုဆေးရုံကြီး၌ သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့် ကုသခြင်းတွင် အသုံးပြုရန် Cold Coagulation Machine ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ ညနေ ၃ နာရီက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နမ့်ဆန်မြို့နယ် ညောင်ပင်သာကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ရန် ဆွေးနွေးညှိနှိုင်း
Mar 02,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျောက်ဖြူ အုပ်စု ညောင်ပင်သာကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ရန် ယမန်နေ့နံနက်(၉) နာရီက ကျေးရွာလူထုနှင့်တွေ့ဆုံဆွေနွေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံ၌ လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်မှုနည်းပညာ(အခမဲ့) သင်တန်းဆင်းပွဲ ကျင်းပ
Mar 01,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်မှုနည်းပညာ(အခမဲ့) သင်တန်းဆင်းပွဲကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ ယနေ့ညနေ ၃ နာရီက ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ထိုင်းနိုင်ငံသား ၂၈ ဦး ကိုယ်ပိုင်မော်တော်ဆိုင်ကယ်ဖြင့် မြဝတီနယ်စပ်ဂိတ်မှ ဝင်ရောက်လည်ပတ်
Mar 01,2020
မြန်မာနိုင်ငံအတွင်းရှိ အထင်ကရနေရာများဖြစ်သော ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်၊ ရှေးဟောင်းသမိုင်းဝင် ပုဂံဘုရားပုထိုးများအား ဖူးမြှော်နိုင်ရန်နှင့် အင်းလေးဒေသ သဘာဝအလှတရားတို့ကို ကြည့်ရှုခံစားနိုင်ရန်အတွက် ထိုင်းနိုင်ငံသား ၂၈ ဦးသည် ယမန်နေ့က မြဝတီနယ်စပ်ဂိတ်မှ တစ်ဆင့် ကိုယ်ပိုင်မော်တော်ဆိုင်ကယ်များဖြင့် ဝင်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သထုံမြို့တွင် သံဃာတော်များနှင့် သီလရှင်များအား မျက်စိစမ်းသပ်ခြင်းနှင့် အထွေထွေ ဆေးကုသပေးခြင်းများ ပြုလုပ်
Mar 01,2020
မွန်ပြည်နယ်၊ သထုံမြို့ပေါ်ရှိ ဆရာတော် သံဃာတော်များနှင့် သီလရှင်များကို ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် One Dollar Glasses အဖွဲ့မှ မျက်စိအထူးကု ဆရာဝန်ကြီးများနှင့် သမားတော်ကြီးများက သထုံမြို့ မြသပိတ်တောင်ခြေရှိ သဒ္ဓမဇောတိကာရာမကျောင်းတိုက်၌ ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှ စတင်ကာ နှစ်ရက်ကြာ မျက်စိစမ်းသပ်စစ်ဆေးခွဲစိပ်ပေးခြင်းနှင့် မျက်မှန်များပြုလုပ်ပေးခြင်းတို့ကို အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
30913
Page
30914
Page
30915
Page
30916
Current page
30917
Page
30918
Page
30919
Page
30920
Page
30921
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department