Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
အုတ်ဖိုမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွား
Aug 23,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ တိမ်မြုတ်ကျေးရွာအုပ်စု၊ တိမ်မြုတ်ရွာမကျေးရွာတွင် ယမန်နေ့ ည ၇ နာရီ ၁၅ အချိန်ခန့်က လေပြင်းတိုက်ခတ်မှုဖြစ်ပွား၍ နေအိမ် (၁) လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အမာမြို့တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း စာဖတ်ဝိုင်းကျင်းပ
Aug 23,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့ နံနက် ၁၂ နာရီအချိန်က စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အသင်းက စာရေးဆရာချစ်ဦးညိုရေးသားသော "တိုးတက်ခြင်း ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှုစာမျက်နှာ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဝက်လက်မြို့နယ် တွင် ၂၀၂၀ ခုနှစ် မိုးစပါး (CERP) စီးပွားရေးကုစားမှုအစီစဉ်ဖြင့် ရွှေပန်းကုံးကျေးရွာနှင့် ရွှေအိုးရကျေးရွာတို့တွင် မျိုးစေ့ထုတ် (၁၁၈) ဧက…
Aug 23,2020
စစ်ကိုင်းတိုင်ဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် ၂၀၂၀ ခုနှစ် မိုးစပါး (CERP) စီးပွားရေးကုစားမှုအစီစဥ်ဖြင့် ရွှေပန်းကုံးကျေးရွာနှင့် ရွှေအိုးရကျေးရွာတို့တွင် မျိုးစေ့ထုတ် (၁၁၈) ဧက စိုက်ပျိုးမည် လျာထားရာ (၁၀၁) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်းကို သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးနှင့် ဌာနဆိုင်ရာများက ရှပ်ပုံကျေးရွာနေ ပြည်သူများအား…
Aug 23,2020
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၊ ၀န်ကြီး ဦးကျော်မင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲ (၂)နာရီက ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာ ပြည်တော်သားဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံ၌ ဒေသခံပြည်သူများအား Social Distancing နှင့်အညီတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆွေးနွေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဟိုမိန်း-လင်းခေးလမ်းပိုင်း (တာဆွတ်တိန်း) ကူးတို့ဆိပ်၌ သံလွင်မြစ်ရေစိုးရိမ်ရေမှတ်ထက် ကျော်လွန်မြင့်တက်
Aug 23,2020
ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် ဟိုမိန်း-လင်းခေးလမ်းပိုင်း သံလွင်မြစ်နှင့် နမ့်တိန်းချောင်းဆုံရာ (တာဆွတ်တိန်း) ကူတိုဆိပ်၌ မိုးဆက် တိုက်ရွာသွန်းမှုကြောင့် သြဂုတ် ၂၁ ရက်နေ့မှစပြီး ယမန်နေ့အထိ သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်အထက် ပိုမိုမြင့်တက်လာမှုကြောင့် ကားလမ်းနှင့်လူနေအိမ်များ ရေနစ်မြုတ်မှုများဖြစ်ပေါ်နေရာ ခရီးသွားပြည်သူများနှင့် ယာဉ်လိုင်းများအန္တရာယ်ကင်းရှင်းစေရန်အတွက် ရပ်နားထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အမာမြို့၊ ဂေါ်ဒူကျေးရွာတွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၄) လုံး ပြိုကျပျက်စီး
Aug 23,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ ဂေါ်ဒူကျေးရွာ၌ ယနေ့မွန်းလွဲ (၁) နာရီခွဲအချိန်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၄) လုံး ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြမြို့တွင် ခရိုင်အဆင့် ၃ ထပ်ကွမ်း လူရည်ချွန်အပါအဝင် လူရည်ချွန် ကျောင်းသား/သူ (၆)ဦးအား ဂုဏ်ပြုချီးမြှင့်
Aug 23,2020
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့ ၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ၊ ပညာရတနာခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြောင်းမြခရိုင်အတွင်းရှိ ၃ ထပ်ကွမ်း လူရည်ချွန်အပါအဝင် ထူးချွန် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူ (၆)ဦးအား ဂုဏ်ပြုချီးမြှင့်ခြင်း ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေကူမြို့နယ်၌ လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)လုပ်ငန်းများနှင့် Cash For Work စီမံကိန်းလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Aug 23,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်တွင် ဆောင်ရွက်လျှက်ရှိသော လူထုဗဟိုပြု စီမံကိန်း(တတိယနှစ်စက်ဝန်း)လုပ်ငန်းများနှင့် Cash For Work စီမံကိန်းလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို ယမန်နေ့ နံနက် ၁၀ နာရီတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယဉ်ခိုင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29880
Page
29881
Page
29882
Page
29883
Current page
29884
Page
29885
Page
29886
Page
29887
Page
29888
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department