Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
နမ္မတူမြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပန်ဟိုက်ရပ်ကွက် (၆)ဘော်လုံးကွင်းရှိ ယာယီပျံ ကျဈေးတွင် ရောင်းရေး/ဝယ်ရေး အခက်အခဲဖြစ်ပေါ်နေမှုအား အဆင်ပြေ…
Aug 22,2020
နမ္မတူမြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပန်ဟိုက်ရပ်ကွက် (၆)ဘော်လုံးကွင်းရှိ ယာယီပျံကျဈေးတွင် မိုးရေများဝင်ရောက်ကာ ရွှံ့နွံများဖြစ်ပေါ်လျက်ရှိပြီး ရောင်းရေး/ဝယ်ရေး အခက်အခဲဖြစ်ပေါ်နေမှုအား အဆင်ပြေစေရေး ယာယီပျံကျဈေးသည်များနှင့် တွေ့ဆုံကာ ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လယ် (၁၁)နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် မြို့တော်ခန်းမ၌ ဆောင်ရွက်ခဲ့ရာ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစံဟွမ်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထက်အောင်ဖြိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ယာယီပျံကျဈေးတွင် ဈေးရောင်းချလျက်ရှိသော ဈေးသူ/ဈေးသား (၁၁၅)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လသာမြို့နယ်အတွင်းရှိ ဘာသာရေးအဆောက်အအုံများအား ကွင်းဆင်းစစ်ဆေး
Aug 22,2020
လသာမြို့နယ်အတွင်းရှိ ဘာသာရေးအဆောက်အအုံများဖြစ်သည့် Churchနှင့် ဗလီများအား မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ် ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းနှင့် ကော်မတီဝင်များက ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းမြို့နယ်တွင် Cash For Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးရွာ(၁၉)ရွာအနက် ကျေးရွာ(၆)ရွာတွင် စီမံကိန်းလုပ်ငန်းများ ရာနှုန်…
Aug 22,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် Cash For Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးရွာ(၁၉)ရွာရှိသည့်အနက်၊ ကျေးရွာ(၆)ရွာတွင် စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်ရာ အဆိုပါကျေးရွာများ၏ လုပ်ငန်းပြီးစီးမှု အခြေအနေများကို၊ ယမန်နေ့ မွန်းလွဲ(၂)နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်ယုမေနှင့်တာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးနှင့်စပ်လျဉ်း၍ စားသောက်ဆိုင် ပိုင်ရှင်များနှင့် ကိုယ်စားလှယ်များအား ကျန်းမာရေးဆိုင်ရာ အသိ…
Aug 22,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇေယျာသီရိမြို့နယ်တွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးနှင့်စပ်လျဉ်း၍ စားသောက်ဆိုင်များအား ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကော့သောင်းနယ်စပ်၌ တရားမဝင်ရေထွက်ပစ္စည်းများ ပိုင်ရှင်မဲ့ဖမ်းဆီးရမိ
Aug 22,2020
ကော့သောင်းနယ်စပ်မှတဆင့် ရေထွက်ကုန်ပစ္စည်းများ ပြည်ပသို့ တရားမဝင် တင်ပို့မှုမရှိစေရေး သတိပြု ကြပ်မတ် စစ်ဆေးမှုများ စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကော့သောင်းခရိုင် ငါးလုပ်ငန်း ဦးစီးဌာနနှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် ရှောင်တခင် ကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်စဉ် ကော့သောင်းမြို့ ၊ရွှေဟင်္သာရပ်ကွက်၊ ကျောက်တံတားဆိပ်ကမ်းတွင် တဖက်နိုင်ငံသို့ တရားမဝင်တင်ပို့ ရောင်းချရန် စုပုံထားရှိသည့် ရေထွက်ကုန်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လွိုင်ကော်မြို့၌ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ အရ ကုမ္ပဏီများအတွက် အခြေခံလိုအပ်သည့် အချက်များအား အသိပညာပေးရှင်းလင်းဆွေးနွေး
Aug 21,2020
မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ အရ ကုမ္ပဏီများအတွက် အခြေခံလိုအပ်သည့် အချက်များအား အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းကို ယနေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့နယ်၊ နောင်ယား (က) ရပ်ကွက်ရှိ GOLD Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သန်လျင်၌ အပြောင်မြောက်ဆုံးဘဝတစ်ခု တည်ဆောက်ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Aug 21,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (သန်လျင်) လူထုအခြေပြုဗဟို ဌာန(Community Centre)၌ ယနေ့ နံနက်(၁၀)နာရီတွင် စာရေးဆရာဖေမြင့် ရေးသားသော “အပြောင်မြောက်ဆုံးဘဝတစ်ခု တည်ဆောက် ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပသည်။ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန် တောင်ပိုင်းခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်လှပိုမိုက စာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွယ်ချက်များ စာဖတ်သူများတစ်ဦးနှင့် တစ်ဦး မျှဝေခြင်းဖြင့် အသိပညာများ ဖလှယ်ပေးခြင်း၊ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်ခြင်း၊ ယနေ့လူငယ် နောင်ဝယ်လူကြီး ဆိုသည့်အတိုင်း အနာဂတ်နိုင်ငံ့တာဝန်ထမ်းဆောင်မည့် လူငယ်များ စာများများဖတ်ခြင်းဖြင့် အသိပညာ များ တိုးပွားစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများကို ပြုလုပ်နေခြင်းဖြစ်ကြောင်း ဆွေးနွေးတင်ပြသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်သာယာမြို့နယ်တွင် ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေးအတွက် ဆောင်ရွက်လျက်ရှိ
Aug 21,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်၌ မိုးရာသီတွင် ဖြစ်ပေါ်တတ်သော ရေမြောင်းများ ပိတ်ဆို့မှု ကင်းဝေးစေပြီး ရေစီးရေလာကောင်းမွန်စေရေးအတွက် ညောင်ကျေးရွာနှင့် ရွှေလင်ပန်းကျေးရွာအုပ်စု ကျန်စစ်သားလမ်း မဘေးရှိ မြောင်းများအတွင်း ပိတ်ဆို့နေ သော အမှိုက်များအား ယမန်နေ့ နံနက်(၉)နာရီအချိန်က ရှင်းလင်း ဆောင်ရွက်ခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29842
Page
29843
Page
29844
Page
29845
Current page
29846
Page
29847
Page
29848
Page
29849
Page
29850
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department