လှိုင်သာယာ(အရှေ့ပိုင်း) သြဂုတ် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်၌ မိုးရာသီတွင် ဖြစ်ပေါ်တတ်သော ရေမြောင်းများ ပိတ်ဆို့မှု ကင်းဝေး စေပြီး ရေစီးရေလာကောင်းမွန်စေရေးအတွက် ညောင်ကျေးရွာနှင့် ရွှေလင်ပန်းကျေးရွာအုပ်စု ကျန်စစ်သားလမ်းမဘေးရှိ မြောင်းများ အတွင်း ပိတ်ဆို့နေသော အမှိုက်များ အား ယမန်နေ့ နံနက်(၉)နာရီအချိန်က ရှင်းလင်း ဆောင်ရွက်ခဲ့ သည်။
ထိုသို့ ရှင်းလင်းဆောင်ရွက်ခြင်းဖြင့် မြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်ရေးနှင့် ခြင်ကြောင့် ဖြစ်ပွားတတ်သောရောဂါများ ကင်းဝေး စေမည်ဖြစ်ပြီး ရေမြောင်းများအတွင်း ပိတ်ဆို့နေသော အမှိုက်များကို ဆယ်ယူခြင်း၊ ရေမြောင်းချဲ့ ခြင်း၊ ရေမြောင်း အဆင့် မြင့်တင်ခြင်း၊ ရေမြောင်းဖုံးပြုလုပ်ခြင်းနှင့် ရေထွက် ပေါက်များ ရှင်းလင်းဆောင်ရွက်နေမှုများကို လှိုင်သာယာမြို့နယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမောင်၊ အဖွဲ့ချုပ်မြို့နယ် အလုပ်အမှု ဆောင်များ၊ စည်ပင်တာဝန်ရှိသူများနှင့်အတူ ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေး ကွင်းဆင်းညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ထွန်းထွန်းနိုင် (ပြန် /ဆက်)