Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
လှိုင်းဘွဲမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက် ထုတ်ယူသူများအား ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး
Mar 23,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝင်းဇော်ဦးနှင့် ကျန်းရေးဝန်ထမ်းများက မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာများ လာရောက်ထုတ်ယူသော သက်ကြီးဘိုးဘွားများအား ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ အန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ကျန်းမာရေး အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကာမိုင်းမြို့၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေ
Mar 23,2020
ကိုရိုနာဗိုင်းရပ်စ် ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်းကို ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့ စည်ပင်သာယာစျေး၌ ယနေ့နံနက် (၇)နာရီ အချိန်တွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပျဉ်းမြို့နယ်တွင် MPT Sim Card များ အခမဲ့မှတ်ပုံတင်ခြင်း ကွင်းဆင်းဆောင်ရွက်
Mar 23,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် ယမန်နေ့ နံနက် ၉နာရီက ဟောင်ကန် ကျေးရွာအုပ်စု၊ ဝမ်ယန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် မြန်မာ့ဆက်သွယ်ရေးဌာနမှ MPT Sim Card များ အခမဲ့မှတ်ပုံတင်ခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်) ရောဂါနှင့် ပတ်သက်ပြီး ကျန်းမာရေးအသိပညာပေး ဗီနိုင်းများ စိုက်ထူ
Mar 23,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်) ရောဂါ ကာကွယ်တားဆီးနိုင်ရေးနှင့် ပတ်သက်ပြီး မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများအားလုံးတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းသိန်း ဦးဆောင်ကာ ကိုရိုနာဗိုင်းရပ်(စ်) ရောဂါအကြောင်း ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိ နားလည် နိုင်စေရေးအတွက် ကျန်းမာရေးအသိပညာပေး ဗီနိုင်းများ စိုက်ထူခြင်းကို ယနေ့ နံနက် ပိုင်းက စတင်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချင်းပြည်နယ်၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကြိုတင်ကာကွယ်ရေး (Cyclone Shelter) အဆောက်အဦများကို ယာယီဆေးခန်းဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်သွားမည်ဖြစ်ကြောင်း ပြည်နယ်…
Mar 23,2020
ချင်းပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအလေးထားဆောင်ရွက်လျက်ရှိပြီး ကြိုတင်ပြင်ဆင်မှုများလည်း ဆောင်ရွက်လျက်ရှိရာ အကယ်၍ သံသယလူနာတွေ့ရှိပါက ထားရှိဆောင်ရွက်နိုင်ရေးအတွက် ချင်းပြည်နယ် အတွင်းရှိ Cyclone Shelter များကို ယာယီဆေးကုသ ဆောင်များအဖြစ် ပြင်ဆင်ထားရှိသွားမည်ဖြစ်ကြောင်း မတ်လ ၂၀ ရက်နေ့ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် (COVID-19) ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းက ဆွေးနွေးပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြေပြိုဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ဟားခါးမြို့သို့ ဂျပန်နိုင်ငံ (JICA) မှ ပညာရှင်များ ကွင်းဆင်းလေ့လာ
Mar 22,2020
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒ ဦးစီးဌာနနှင့် ဂျပန်နိုင်ငံ (JICA) အဖွဲ့တို့ပူးပေါင်း၍ ချင်းပြည်နယ်၊ ဟားခါးမြို့အတွင်း မြေပြိုဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေးအတွက် ယမန်နေ့က ဂျပန်နိုင်ငံ (JICA) မှ ပညာရှင်များ ကွင်းဆင်းလေ့လာ ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
COVID-19 အသိပညာပေးလက်ကမ်းစာစောင်နှင့် မူခင်ကျဆင်းရေး အသိပညာပေး လက်ကမ်း စာစောင်းများ ဖြန့်ဝေ
Mar 22,2020
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးထွန်းထွန်းလင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းဇော်လင်း၊ မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာရဲလင်းစိုး၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်း၊ အမျိုးသမီးရေးရာအဖွဲ့တိုသည် COVID-19 အသိပညာပေး လက်ကမ်း စာစောင်နှင့် မူခင်ကျဆင်းရေး အသိပညာပေး လက်ကမ်စာစောင်းများ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီမှ ၁၀ နာရီ အထိ ဖရူဆိုမြို့ မြို့မဈေး၌ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စုကလိမြို့ ရွံ့စေးဖြူ ထုတ်လုပ်ရေးလုပ်ကွက်သို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့်အဖွဲ့ ကွင်းဆင်းစစ်ဆေး
Mar 22,2020
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအိုက်ကျန်ခမ်း၊ အမှတ်(၁)သတ္တုတွင်းဝန်ကြီးဌာန (နေပြည်တော်)မှ လက်ထောက်မန်နေဂျာ ဦးမျိုးလွင်နှင့် တာဝန်ရှိသူများသည် မွန်မြတ်အလင်း ရွံ့စေးဖြူထုတ်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ရွံ့စေးဖြူ လုပ်ကွက်သို့ ယမန်နေ့ နံနက်(၁၁)နာရီက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29798
Page
29799
Page
29800
Page
29801
Current page
29802
Page
29803
Page
29804
Page
29805
Page
29806
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department