အမြို့မြို့အနယ်နယ်သတင်းများ

Aug 26,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် လူငယ်အသင်း (youth club) တို့ ပူးပေါင်းပြီး စာဖတ်ဝိုင်း၊ ကဗျာဝိုင်း၊ စာအုပ်စာစောင် လှူဒါန်းပွဲနှင့် စာရေးဆရာ အသင်းဝင် ကတ်ပေးအပ်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
Aug 26,2020
ကိုဗစ်-၁၉ ရောဂါ ကြောင့် စီးပွားရေးအပေါ် ထိခိုက်မှု သက်သာရေးစီမံချက်(CERP)အရ ကန့်သတ်ချက် များ ဖြေလျှော့ပြီးနောက် မွေးမြူထုတ်လုပ်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပြန်လည်ဖော်ဆောင် နိုင်ရန် တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ထုတ်လုပ်မှုလုပ်ငန်း များ တိုးတက်လာစေရန် ရည်ရွယ်၍ ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်း မြို့နယ်၊ ရေကျော်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မရုံတွင် ယနေ့ နံနက် ၈ နာရီက သိုး/ဆိတ်မွေးမြူရေးသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Aug 26,2020
မကွေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုဦးစီးဌာနက မကွေးမြို့တွင် အခြေခံ လျှပ်စစ် သံဂဟေ ဆက်နည်းသင်တန်း အမှတ်စဉ်(၁၅/၂၀၂၀)ကို ယနေ့ နံနက်(၉)နာရီ က အသေးစား စက်မှုလက်မှုဦးစီးဌာန သင်တန်းခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရ သည်။
Aug 26,2020
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် စားသုံးသူရေးရာဦးစီးဌာန ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာ‌ရေးဦးစီးဌာနတို့ ပူးပေါင်း၍ စည်ပင်သာယာမြို့မ‌ဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များသို့ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က သွားရောက်၍ ဈေးကွက်အတွင်းရှိ စားသုံးဆီမျိုးစုံအား ကုန်ညွှန်းအမှတ်အသား ဖော်ပြချက်နှင့် ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
Aug 26,2020
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ဌာနဆိုင်ရာရုံးများ ၊ စာသင်ကျောင်းများ နှင့် ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်း၍ ပြည်သူများအတွက် ရွေ့လျားစာကြည့်တိုက်လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရာ ယနေ့ နံနက် ၁၀ နာရီ က အမှတ်(၄)ရပ်ကွက်ရှိ မြို့နယ်မီးသတ်ဦးစီးဌာနတွင် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊စာစောင်များ အခမဲ့ငှားရမ်းပေးခဲ့ကြောင်းသိရသည်။
Aug 26,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (BOOK CLUB)မှ စာရေးဆရာ အောင်သင်းရေးသားသည့် "နှလုံးသားကို လေးပေါ်တင်၍ ပစ်သောအခါ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။