အမြို့မြို့အနယ်နယ်သတင်းများ

Aug 26,2020
ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီက ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်၏ ထောက်ပံ့မှုဖြင့် အင်္ဂပူမြို့နယ်အတွင်းရှိ မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့‌ ငွေများ ပေးအပ်ပွဲပြုလုပ်ခဲ့သည်။
Aug 26,2020
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် မြင်းခြံ-ပခုက္ကူ ကားလမ်းမကြီးဘေး၊ အနောက်ပုလင်းကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်း ပိတ်ထားစဉ်ကာလအတွင်း မြန်မာပြည်အရပ်ရပ်မှ ဆင်ချစ်သူများက ဆင်စာဘူဖေးကျွေးမှုများပြားလာကြောင်း ပလင်းကမ်းသာယာဆင်စခန်းတာဝန်ခံ ဦးမျိုးမင်းကို (လက်ထောက်မန်နေဂျာ) ထံက သိရသည်။
Aug 26,2020
ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် သံလွင်မြစ်​ရေမြင့်တက်လာမှု​ကြောင့် ရေး​ဘေးသင့် အိမ်​ထောင်စု(၁၆၄)စုတို့အား ကယား ပြည်နယ် ကြက်​ခြေနီအသင်းခွဲနှင့် ပြည်နယ်​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီး ဌာနတို့မှ ​​ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ ည​နေပိုင်းက ဖားစည်သံလွင်ခန်းမ၌ ​ကျင်းပပြုလုပ်ခဲ့သည်။
Aug 26,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးသုံးပစ္စည်းများ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မင်းဘူးမြို့မဈေးကြီးအတွင်း သွားရောက်ကွင်းဆင်းစစ်ဆေး ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
Aug 26,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ မကျီးဇင်ကျေးရွာအုပ်စု၊ ချောင်းဝဂျိုင်ကျေးရွာ ကိုဗစ်-၁၉ စစ်ဆေးရေး ဂိတ်သို့ ယမန်နေ့ နေ့လယ် ၂ နာရီက ဂိတ်အဝင်အထွက် စစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်နေမှု၊ နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ဧရာဝတီတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ ပုသိမ်ခရိုင် ဒုတိယရဲမှူးကြီး မင်းသိန်းနှင့် အဖွဲ့ဝင်များ သွားရောက်စစ်ဆေးပြီး ချောင်းဝဂျိုင် ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်သို့ (Mask)များ လှူဒါန်းခဲ့ကြောင်း သိရသည်။
Aug 26,2020
ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် Coronavirus Disease 2019 (COVID–19) ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် အသိပညာပေးခြင်းနှင့် အိမ်အပြင်ထွက်ပါက Mask တပ်ဆင်စေခြင်း လုပ်ငန်းများကို မြို့နယ် Coronavirus Disease 2019 (COVID–19) ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များက ယမန်နေ့ မွန်းလွဲ (၃) နာရီအချိန်က လူသွား လူလာများသော ဗိုလ်ချုပ်လမ်းနှင့် ဘုရင့်နောင်လမ်းဆုံ (မင်္ဂလာဓမ္မာရုံရှေ့)တွင် ဆောင်ရွက်ခဲ့ သည်။
Aug 26,2020
ကိုရိုနာဗိုင်းရပ်စ်(COViD-19)ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကာကွယ် ရေးသုံးပစ္စည်းများ ဈေးနှုန်းမြှင့်တင် ရောင်းချမှု ရှိ/မရှိ နှင့် ဖြန့်ဖြူးခြင်း(သို့မဟုတ်) ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း ရှိ/မရှိ တို့ကို ယမန်နေ့ ညနေပိုင်းတွင် ဂန့်ဂေါခရိုင် ထီးလင်းမြို့၌ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရ သည်။