Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မြဝတီ BCF ဇုန်တွင်(Surgital)ပိုးသတ်ဆေးဖြန်း
Mar 24,2020
ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် မြဝတီမြို့နယ်စပ်ဂိတ်များကို မတ်လ ၂၁ ရက်နေ့တွင် ပိတ်သိမ်းခဲ့ရာ ထိုင်းနိုင်ငံရှိ မြန်မာပြည်သူပြည်သားများ အဆင်ပြေစေရန်ပြန်လာနိုင်ရေးအတွက်ရည်ရွယ်ပြီး မြဝတီမြို့ မြန်မာ-ထိုင်းချစ်ကြည်ရေး အမှတ် -၂ တံတားကို မတ်လ ၂၁ ရက်နေ့မှစပြီး မတ်လ၂၃ ရက်နေ့ အထိ ဖြတ်သန်းခွင့်ပြုပြီး ဖြတ်သန်းလာသူများကို ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေးအနေဖြင့် မြဝတီခရိုင်ကျန်းမာရေးဌာနအနေဖြင့် နေပြည်တော်၊ ဘားအံနှင့် ကော့ကရိတ်မြို့ရှိ ကျန်းမာရေးဝန်ထမ်းများနှင့် အင်အားဖြည့်ပူးပေါင်းပြီး အပူချိန်တိုင်းခြင်း၊ ရောဂါစစ်ဆေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများကို ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုရိုနာဗိုင်းရပ်စ် ရောဂါ စောင့်ကြပ်စစ်ဆေးကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
Mar 24,2020
ကိုရိုနာဗိုင်းရပ်စ် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါသည် လူတစ်ဦးမှ တစ်ဦးသို့ အလွန် လျင်မြန်စွာ ကူးစက်တတ်သောရောဂါဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်ကြေညာထားသောကြောင့် အဆိုပါရောဂါ ကူးစက်ခြင်းမရှိစေရန်ရည်ရွယ်၍ ကိုရိုနာဗိုင်းရပ်စ် ရောဂါ စောင့်ကြပ်စစ်ဆေး ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က လွိုင်ကော်မြို့၊ ပြည်နယ် ပြည်သူ့ ဆေးရုံကြီး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
လားရှိုးမြို့၌ (COVID19)ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီနှင့် အရပ်ဖက်အဖွဲ့အစည်းများနှင့် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ မီဒီယာများနှင့် တွေ့ဆုံပွဲက…
Mar 23,2020
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ (COVID2019) ကာကွယ်ထိန်းချုပ်ရေး အသိပေးရှင်းလင်းခြင်းနှင့် ပြည်သူ့ဆေးရုံကြီးအတွက် လိုအပ်သည့် ဆေးရုံသုံးပစ္စည်းများ၊ ဆေးဝါးများထောက်ပံ့လှူဒါန်းခြင်းကို ယနေ့မွန်းလွဲ ၁ နာရီ အချိန်ကပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်သန့်ဆေးများ အခမဲ့ဖြန့်ဝေ
Mar 23,2020
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကော့ပရံကျေးရွာဈေးတွင် ယနေ့ နံနက် ၈နာရီက ကျေးရွာ အုပ်ချုပ်ရေးမှူးအဖွဲ့၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာရှင် လူငယ်များစုပေါင်း၍ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဆတ်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူသူများအား လက်ဆေးခြင်းနှင့် ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိ
Mar 23,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက် ထုတ်ယူသူများအား လက်ဆေးခြင်းနှင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ စောင့်ကြည့်စစ်ဆေးခြင်း၊ အသိပညာပေး ဟောပြောခြင်းကို ယနေ့ နံနက် (၉)နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့တွင် ကိုရိုနာဗိုင်းရပ် (စ်) ရောဂါကာကွယ်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်
Mar 23,2020
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် မြို့မ(၄)ရပ်ကွက်ရှိ ရွှေဟင်္သာဈေးအရှေ့၊ ဈေးအတွင်းရှိ ဈေးတန်းတို့တွင် ယမန်နေ့မွန်းလွဲ ၂နာရီ က လက်ဆေးရေစင်များ ပြုလုပ်ကာ ဈေးသူဈေးသားများ၊ ရပ်ကွက်နေပြည်သူများ၊ ခရီးသွားဧည့်သည်များအား ကိုရိုနာဗိုင်းရပ်(စ်) ရောဂါ ကြိုတင် ကာကွယ် နိုင်ရန်အတွက် အရပ်ဘက်အသင်းအဖွဲ့များ၊ ပြည်သူများ၊ ပရဟိတ အသင်းအဖွဲ့များ၊ လူနာတင်ယာဉ် အသင်းအဖွဲ့များ စုပေါင်း၍ စီစဉ်ဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးမောက်မြို့၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Mar 23,2020
ကချင်ပြည်နယ်၊ မိုးမောက်မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့ နံနက် (၁၀) နာရီ အချိန်တွင် မြို့မိ/မြို့ဖများ၊ စည်ပင်ကော်မတီ၊ လူမှုရေးအသင်းအဖွဲ့၊ ကျန်းမာရေးဌာနနှင့် လိုအပ်သော ဌာနဆိုင်ရာများ ပူးပေါင်း၍ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပရာ
အပြည့်အစုံ ဖတ်ရန်
ဟိုပင်၌ ကိုရိုနာဗိုင်းရပ်(စ်) ရောဂါ ကာကွယ်ရေး ဆိုင်ရာ PPE ဝတ်စုံ၊ Hand Gel နှင့် လက်ဆေး ဆပ်ပြာ ရည်များ လှူဒါန်း
Mar 23,2020
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ ပြည်သူ့ဆေးရုံ၌ ယမန်နေ့ နံနက် ၁၀ နာရီတွင် မေတ္တာရိပ်အသင်းက လှူဒါန်း သော ကိုရိုနာဗိုင်းရပ်(စ်) ရောဂါ ကာကွယ်နိုင်ရန် အတွက် ကာကွယ်ရေးဆိုင်ရာ ခွဲစိတ်ခန်းသုံးဝတ်စုံ (PPE) ၄ စုံ၊ Hand Gel နှင့် လက်ဆေး ဆပ်ပြာရည်များကို စိုက်ပျိုး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ၀န်ကြီး ဦးကျော်ကျော်ဝင်းက ပေးအပ်လှူဒါန်းရာ ဟိုပင်မြို့ပြည်သူဆေးရုံ တာဝန်ခံဆရာဝန် ဒေါက်တာမျိုးဝေက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29730
Page
29731
Page
29732
Page
29733
Current page
29734
Page
29735
Page
29736
Page
29737
Page
29738
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department