Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
COVID- 19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေး နေ့စဉ် ကွင်းဆင်း ဆောင်ရွက်လျက်ရှိ
Mar 31,2020
ချင်းပြည်နယ်အတွင်း COVID - 19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေး ပြည်နယ်အဆင့် လုပ်ငန်းကော်မတီနှင့်အတူ သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ စစ်ဗျူဟာအခြေချ (ဟားခါး) အနေဖြင့် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သန့်စင်ဦး ဦးဆောင်သော အရာထမ်း၊ အမှုထမ်း တပ်ဖွဲ့ဝင်များသည် မတ်လ ၂၉ ရက်နေ့တွင် ဟားခါးမြို့ စျေးဟောင်းရပ်ကွက်ရှိ ဟားခါးနှစ်ခြင်းဘုရားကျောင်း (HBC)နှင့် မတ်လ ၃၀ ရက် နံနက် ၁၀ နာရီအချိန်တွင် ပြည်တော်သာရပ်ကွက်ရှိ ဧမာနွေလ နှစ်ခြင်းဘုရားကျောင်း(IBC)၊ စျေးသစ်ရပ်ကွက်ရှိ ဇိအုန် နှစ်ခြင်းဘုရားကျောင်းတို့သို့ ရောက်ရှိပြီး COVID - 19 ရောဂါ ကူးစက်မှု မရှိစေရေး ပိုးသတ်ဆေးများဖျန်းခြင်း၊ ဆေးဝါးပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်းနှင့် သိက္ခာတော်ရ ဆရာတော်များနှင့် ဓမ္မအမှုတော်ဆောင်များအား ကျန်းမာရေးစစ်ဆေးပေးခြင်းများကို သက်ဆိုင်ရာ ဘုရားကျောင်းများမှ သိက္ခာတော်ရဆရာတော်များနှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြပါသည်။
အပြည့်အစုံ ဖတ်ရန်
နောင်တရားမြို့ အ.ထ.ကကျောင်း၌ ဖွင့်လှစ်ထားသည့် ခေတ္တကျန်းမာရေး စောင့်ရှောက်မှုစင်တာတွင် COVID-19 ရောဂါကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖြန်း
Mar 31,2020
ကမ္ဘာတစ်ဝှမ်း၌ ဖြစ်ပွားနေသည့် COVID-19 ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် နောင်တရားမြို့ အ.ထ.ကကျောင်းတွင် ဖွင့်လှစ်ထားရှိသည့် ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများအတွက် ခေတ္တကျန်းမာရေးစောင့်ရှောက်မှု စင်တာ၌ ယမန်နေ့ညနေပိုင်းတွင် COVID-19 ရောဂါ ဖြစ်ပွားမှု မရှိစေရေး ကျောင်း၊ လမ်းများတွင် ပိုးသတ်ဆေးဖြန်းခြင်း ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းရယ်မြို့ COVID-19 ရောဂါကာကွယ်ရေးအတွက် ဘုန်းတော်ကြီးကျောင်းများတွင် ပိုးသတ်ဆေးဖြန်းခြင်းများဆောင်ရွက်
Mar 31,2020
မိုင်းရယ်မြို့နယ်အတွင်း COVID-19 ရောဂါကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို ယနေ့နေ့လည် (၁၂)နာရီအချိန်က မိုင်းရယ်မြို့ ရပ်ကွက်-၁ ရှိ သီရိမင်္ဂလာ စွမ်ဆိုင်ဘုန်းတော်ကြီးကျောင်းမှ စတင်ပြု လုပ်ပါသည်။
အပြည့်အစုံ ဖတ်ရန်
မိုးညှင်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်
Mar 31,2020
တရုတ်နိုင်ငံမှ စတင်ဖြစ်ပွားခဲ့သည့် COVID-19 ရောဂါသည် ယခုအချိန်၌ တစ်ကမ္ဘာလုံး အတိုင်းအတာအရ ဖြစ်ပွားလျက်ရှိရာ မြန်မာနိုင်ငံတွင်လည်း အဆိုပါ ရောဂါဖြစ်ပွားသည့် လူနာများ တွေ့ရှိခဲ့သဖြင့် ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေးကို အလေးပေး ဆောင်ရွက်လျက်ရှိရာ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်မှုအနေဖြင့် ယနေ့နံနက်ပိုင်းတွင် လစာလာရောက် ထုတ်ယူသူများအား ကိုယ်အပူချိန်စစ်ဆေးပေးခြင်းနှင့် လက်ဆေးခြင်းများ ဆောင်ရွက်စေလျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မတူပီမြို့သို့ ပြည်ပနိုင်ငံများမှ ရောက်ရှိလာသူများအတွက် ကြိုတင်ပြင်ဆင်မှုများ ဆက်လက်ဆောင်ရွက်
Mar 31,2020
ချင်းပြည်နယ်၊ မတူပီမြို့သို့ ပြည်ပနိုင်ငံများမှ ရောက်ရှိလာသူများကို ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်ပပြန်လာသူများနှင့် စောင့်ကြည့်လူနာများ ထားရှိ ရန်အတွက် မတူပီမြို့၊ အထက(၁)ကျောင်း၌ လူဦးရေ(၂၀)ဦးအတွက် နေရာကြိုတင် ပြင်ဆင်မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
လူထုအခြေပြုစောင့်ကြည့်စခန်းတွင်COVID-19 ရောဂါ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ပေး
Mar 31,2020
COVID-19 ရောဂါအခြေအနေများကြောင့် အသွားအလာတားမြစ် ပိတ်ပင်ခြင်းခံရသဖြင့် ထိုင်နိုင်ငံတွင်အလုပ် သွားရောက်လုပ်ကိုင်ကြသူ မြန်မာအလုပ်သမားများသည် မြဝတီမှတဆင့် ကရင်ပြည်နယ်၊ ဘားအံမြိုရှိသီးသန့်ထား စောင့်ကြည့်နိုင်ရန် အတွက်
အပြည့်အစုံ ဖတ်ရန်
ကလောမြို့နယ်၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေး အထင်ကရနေရာများ၊ တန်ခိုးကြီးဘုရားများ ယာယီပိတ်ထား
Mar 31,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် ရှေးဟောင်းသမိုင်းဝင် တန်ခိုးကြီးဘုရာများဖြစ်သည့် ကလောမြို့ အမှတ် (၈)ရပ်ကွက်တွင် တည်ရှိသော ကလောနှီးဘုရား၊ အမှတ်(၁၀)ရပ်ကွက်တည်ရှိသော ရွှေဉမင် သဘာဝလိုဏ်ဂူဘုရား၊ ကလောမြို့နယ် မြင်းမထိကျေးရွာရှိ ဉဏ္ဏလုံမွေရှင်တော် သဘာဝလိုဏ်ဂူဘုရား တို့တွင်ခေတ္တယာယီပိတ်ထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်စန်တွင် COVID-19 ရောဂါကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် မြို့ဝင်ဂိတ်များတွင် ကျန်းမာရေး စစ်ဆေးခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိ
Mar 31,2020
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်(Covid-19)ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးဦးစီး ကော်မတီ၏ ဦးဆောင်ညွှန်ကြားမှုဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးနဲ−နမ့်စန်၊ ခိုလမ်−နမ့်စန်နှင့် လွိုင်လင်−နမ့်စန် မြို့ဝင်နေရာများတွင် မြို့တွင်းသို့ ဖြတ်သန်းသွားလာနေသော ခရီးသွားပြည်သူများအားလုံးကို ကိုယ်အပူချိန်တိုင်းတာခြင်း နှင့် ကျန်းမာရေး စစ်ဆေးခြင်း လုပ်ငန်းများကို မတ်လ ၂၈ ရက် နံနက်ပိုင်းမှစတင်၍ နေ့စဉ် အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29509
Page
29510
Page
29511
Page
29512
Current page
29513
Page
29514
Page
29515
Page
29516
Page
29517
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department