Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဟားခါးမြို့၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်ပညာ အမှတ်စဉ်(၁)သင်တန်း ဆင်းပွဲ ကျင်းပ
Mar 13,2020
နယ်စပ်ရေးရာဝန်ကြီးဌာန ၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ၊ ချင်းပြည်နယ် ရုံးကွပ်ကဲမှုအောက်ရှိ ဟားခါးမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၏ အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ် သင်တန်းအမှတ်စဉ်(၁/၂၀၂၀)သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါ သင်တန်း ကျောင်းခန်းမ၌ ကျင်းပရာ ချင်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင် က တက်ရောက် အမှာစကားပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီမြို့နယ်ရှိ ကျေးရွာများ၌ အသိပညာပေး ဟောပြောပွဲဆောင်ရွက်
Mar 13,2020
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနှင့် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့တို့ ပူပေါင်းပြီး ကျေးလက်နေ ပြည်သူများ အသိပညာဗဟုသုတများ တိုးပွားရေးတို့အတွက် ယမန်နေ့ နံနက် ၉ နာရီအချိန် က မြဝတီမြို့နယ် ထီးချားလားကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP) ရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက် နိုင်ရန် ကျေးရွာ ၁၆ ရွာသို့ ရန်ပုံငွေများ လွှဲပြောင်း ပေးအပ်…
Mar 13,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP)(Village Development Project) ရန်ပုံငွေကျပ် သိန်း၁၀၀စီဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကျေးရွာ ၁၆ရွာသို့ ရန်ပုံငွေ များ လွဲပြောင်း ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသည့် ကျောင်းသား ၊ ကျောင်းသူ များအတွက် မြို့နယ်မီးသတ်ဦးစီးဌာနက သောက်သုံးရေများ သွားရောက်လှူဒါန်း
Mar 13,2020
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန်အတွက် အမှတ်(၂) ရပ်ကွက် အခြေခံပညာ မူလတန်းကျောင်းတွင် လာရောက်တည်းခိုနေထိုင်သည့် မိုင်းစိတ်ကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်းမှ ကျောင်းသား ကျောင်းသူများ သောက်သုံးရေ အဆင်ပြေ စေရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနက အဝီစိတွင်းရေများကို ယမန်နေ့ညနေပိုင်းက သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မံစီမြို့နယ် ၌ ဘောလုံးဒိုင်လူကြီး သင်တန်းဖွင့်လှစ်
Mar 13,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့ မြို့တော်ခန်းမ၌ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ဘောလုံးဒိုင်လူကြီးသင်တန်း (၁/၂၀၂၀) ကို မတ်လ ၁၂ ရက်နေ့မှ မတ်လ ၁၈ ရက်ထိ (၇) ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်မြို့၊ နန်းဝိုးထောင်ကျေးရွာ၌ စိမ့်စမ်းရေ သွယ်ယူခြင်းလုပ်ငန်း ကွင်းဆင်းကြည့်ရှုစစ်ဆေး
Mar 13,2020
ရှမ်းပြည်နည် (အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျေးရွာငါးရွာကို စိမ့်စမ်းရေ သွယ်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ ယမန်နေ့နံနက် ၁၀ နာရီက နမ့်ပန်ကျေးရွာအုပ်စု၊ နန်းဝိုးထောင် ကျေးရွာ၌ စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်း တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပင်လောင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ် ဖြေဆို
Mar 12,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ဖွင့်လှစ်ထားရှိသည့် စာစစ်ဌာန(၁၀)ခုတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အင်္ဂလိပ်စာဘာသာရပ် ဖြေဆိုရာတွင် ပျက်ကွက်သူမရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ်တွင် နာနတ်သီးစိုက်တောင်သူများအား သဘာဝမြေသြဇာထောက်ပံ့ပေးအပ်ပွဲကျင်းပ
Mar 12,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော နာနတ်သီးနှံ(GAP) (Good Agricultural Practice) (၁၁၀၂) ဧက စံပြစိုက်ခင်းတောင်သူများအား စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ မှတ်တမ်းစာအုပ်နှင့် သဘာဝမြေသြဇာ ထောက်ပံ့ ပေးအပ်ပွဲ အခမ်းအနားအား ယမန်နေ့နံနက် (၉)နာရီအချိန်က နမ့်ရမ်းကျေးရွာရှိ နာနတ်သီးအခြောက်ခံ စက်ရုံတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29193
Page
29194
Page
29195
Page
29196
Current page
29197
Page
29198
Page
29199
Page
29200
Page
29201
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department