Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မူဆယ်မြို့ရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာများတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ(Covid-19) ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆက်လက်ဆောင်ရွက်…
Mar 11,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မြန်မာ-တရုတ်နယ်စပ်ဒေသ၊ မူဆယ်မြို့အတွင်းရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာ/ တည်းခိုခန်းများတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19)နှင့် ပတ်သတ်၍ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အရှိန် အဟုန်မြင့် ဆက်လက်ပြုလုပ် ဆောင်ရွက်သွားရန်အတွက် ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန(ရုံးဟောင်း) အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ရာ မူဆယ်မြို့၊ ကိုရိုနာဗိုင်းရပ်စ် ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ကော်မတီ(မူဆယ်)၊ ဟိုတယ်၊ တည်းခိုရိပ်သာ၊ တည်းခိုခန်းများမှ တာဝန်ရှိသူများ၊လုပ်ငန်းရှင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတအသင်းအဖွဲ့များတက် ရောက် တွေ့ဆုံ ဆွေးနွေး ကြသည်။
အပြည့်အစုံ ဖတ်ရန်
(၈)ကြိမ်မြောက် ဆီဆိုင်မြို့နယ်လုံးဆိုင်ရာ ပအိုဝ်းအမျိုးသားနေ့အထိမ်းအမှတ်ဖလား ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်း…
Mar 11,2020
တစ်ရွာနှင့်တစ်ရွာ ချစ်ကြည်ရင်းနှီးမှုနှင့် စည်းလုံးညီညွှတ်မှုရှိစေရန် အားကစားစိတ်ဓာတ်ရှင်သန်ထက်မြက် ပြီး စုပေါင်း လုပ်ဆောင်မှုစွမ်းအား တိုးတက်လာစေရန်အတွက် (၈)ကြိမ်မြောက် ဆီဆိုင်မြို့နယ်လုံးဆိုင်ရာ ပအိုဝ်းအမျိုးသားနေ့ အထိမ်း အမှတ်ဖလား အလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု၊ ပုံးလောင်းကျေးရွာရှိ တပေါင်းကွင်း၌ စည်ကား သိုက်မြိုက်စွာ ကျင်းပရာ ဗိုလ်လုပွဲကို ဘုရားဖြူအသင်းနှင့် ခိုဖွန်းအသင်းတို့ ယှဉ်ပြိုင်ကစားရာ ဘုရားဖြူအသင်းက ခိုဖွန်း အသင်းကို ၂ ဂိုး တစ်ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၁၉ -၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် မူဆယ်ခရိုင်၌ ကျောင်းသား၊ ကျောင်းသူ(၄၅၁၁)ဦး ဝင်ရောက်ဖြေဆို
Mar 11,2020
၂၀၁၉ -၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို ယနေ့ မတ် (၁၁)ရက်နေ့၌ မြန်မာနိုင်ငံတစ်နိုင်လုံး အတိုင်းအတာဖြင့် စတင်ဖြေဆိုခဲ့ပြီဖြစ်ရာ ယနေ့ စတင်ဖြေဆိုသည့် မြန်မာစာဘာသာရပ်နေ့တွင် မူဆယ်ခရိုင်၊ မူဆယ်မြို့၊ နမ့်ခမ်းမြို့နှင့် ကွတ်ခိုင်မြို့များရှိ စာစစ်ဌာနများ၌ ကျောင်းသား၊ကျောင်းသူ(၄၅၁၁)ဦး ဝင်ရောက်ဖြေဆိုသည်။
အပြည့်အစုံ ဖတ်ရန်
စာမေးပွဲဖြေဆိုခွင့်ကတ်ပြား မေ့ကျန်ခဲ့သည့် ကျောင်းသူတစ်ဦးအား ယာဉ်ထိန်းတပ်ဖွဲ့မှ ကူညီဆောင်ရွက်ပေးခဲ့
Mar 11,2020
၂၀၁၉-၂၀၂၀ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမှုကို တစ်နိုင်ငံလုံး အတိုင်းအတာအရ ယနေ့ နံနက်(၉) နာရီအချိန်မှ စတင်ဖြေဆိုလျက်ရှိရာ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်းရှိ စာစစ်ဌာန တစ်ခု ဖြစ်သော အထက-၁ စာစစ်ဌာနတွင် ဖြေဆိုမည့် ကျောင်းသူတစ်ဦးသည် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား မေ့ကျန်ခဲ့သဖြင့် လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် ယာဉ်ထိန်းတပ်ဖွဲ့မှ အရေးပေါ် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
လောက်ကိုင်မြို့၌ တက္ကသိုလ်ဝင် စာမေးပွဲ အေးချမ်းစွာဖြေဆိုလျက်ရှိ
Mar 11,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း လောက်ကိုင် စာစစ်ဌာန၌ ယနေ့နံနက်(၉) နာရီ အချိန်တွင် စတင်ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လွိုင်လင်မြို့နယ် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဆိုင်းဘုတ်တင်ခြင်းနှင့် ရုံးခန်းဖွင့်ပွဲ ကျင်းပ
Mar 11,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် လွိုင်လင်မြို့နယ် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဆိုင်းဘုတ်တင်ခြင်းနှင့် ရုံးခန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက အဆိုပါရုံးခန်းတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဆတ်မြို့အား မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း (Town Plan) ရေးဆွဲနိုင်ရေး ရှင်းလင်းပွဲ အခမ်းအနား ကျင်းပ
Mar 11,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့အား မြို့ပြအင်္ဂါရပ်နှင့်အညီ ဟန်ချက်ညီညီ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ပြီး ဒေသခံများ၏ လူမှုဘဝမြှင့်တင်နိုင်မည့် မြို့ပြစနစ် အကောင်အထည် ဖော်နိုင်ရေးအတွက် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း (Town Plan) ရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်ခမ်းမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အေးချမ်းစွာဖြေဆိုလျက်ရှိ
Mar 11,2020
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၌ ၂၀၁၉ -၂၀၂၀ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ဟိုနောင်ကျောင်း စာစစ်ဌာနတို့တွင် စာမေးပွဲအေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28724
Page
28725
Page
28726
Page
28727
Current page
28728
Page
28729
Page
28730
Page
28731
Page
28732
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department