Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရွှေကူမြို့နယ်၌ လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)လုပ်ငန်းများနှင့် Cash For Work စီမံကိန်းလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Aug 23,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်တွင် ဆောင်ရွက်လျှက်ရှိသော လူထုဗဟိုပြု စီမံကိန်း(တတိယနှစ်စက်ဝန်း)လုပ်ငန်းများနှင့် Cash For Work စီမံကိန်းလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို ယမန်နေ့ နံနက် ၁၀ နာရီတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယဉ်ခိုင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချင်းရွှေဟော်မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်မှနေရပ်ပြန်ပြည်သူ(၁၂) ဦးထပ်မံဝင်ရောက်
Aug 23,2020
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့မြန်မာ-တရုတ်နှစ်နိုင်ငံနယ် စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ဩဂုတ်လ ၂၁ ရက်နေ့၊ ညနေ(၆)နာရီအချိန်က(၁၁) ဦး နှင့် ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က(၁)ဦး စုစုပေါင်း နေရပ်ပြန်ပြည်သူ (၁၂)ဦး ထပ်မံဝင်ရောက်လာခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖြူးမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Aug 23,2020
တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် (၁) နာရီတွင် ဖြူးမြို့၊မြို့နယ်စည်ပင်သာယာရေးကော်မတီခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စေတုတ္တရာမြို့နယ်အတွင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသော တိုက်ပွဲရှောင်အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်
Aug 23,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်အတွင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသော တိုက်ပွဲရှောင်မိသားစုများအား ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဆောင်သော မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်ရေးအတွက် ပံ့ပိုးကူညီရေးအဖွဲ့ လ…
Aug 23,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ မဲစာရင်းများ ပြည့် စုံမှန်ကန်ရေးနှင့် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေး နှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည် ဦးဆောင်သော မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ပံ့ပိုးကူညီရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဆိပ်ဖြူမြို့နယ် မီးသတ်တပ်ဖွဲ့စွမ်းရည်မြှင့်မားရေး မြေပြင်မီးငြှိမ်းသတ်ရေး လေ့ကျင့်
Aug 23,2020
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်ရှိ မီးသတ်တပ်ဖွဲ့ဝင်များ စွမ်းရည်မြင့်မားရေးအတွက် မြေပြင်မီးငြိမ်းသတ်ရေး စွမ်းရည်မြှင့်လေ့ကျင့်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မူဆယ်မြို့၌ မဲစာရင်းများမှန်ကန်တိကျမှုရှိစေရေးအတွက် ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က ကြည့်ရှုစစ်ဆေး
Aug 23,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့တွင်းရှိ မဲဆန္ဒရှင်စာရင်းကပ်ထားမှုအခြေအနေများ၊ မဲဆန္ဒရှင်စာရင်းတိကျမှန်ကန်စေရေးနှင့် မဲဖောင်းပွမှုမရှိစေဘဲ ပြည်သူတိုင်းမဲပေးနိုင်ရန်အတွက် ယမန်နေ့မွန်းလွဲ (၃) နာရီခွဲအချိန်က ရှမ်းပြည်နယ်၊ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူဇော်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်စိုးသန့်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ခရိုင်၊ မြို့နယ်ကော်မရှင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့တို့က လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်း ပုဂံပလတ်စတစ်ကမ်ပိန်းအဖွဲ့နှင့်အတူ ညောင်ဦးမြို့အခြေစိုက်အဖွဲ့အသီးသီးမှအမှိုက်ကောက်ကြ
Aug 23,2020
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ယမန်နေ့နံနက် ၇ နာရီအချိန်မှစတင်ကာ ပုဂံပလတ် စတစ်ကမ်ပိန်းအဖွဲ့နှင့်အတူ ညောင်ဦးမြို့နယ် အခြေစိုက်အဖွဲ့အသီးသီးမှ ပူးပေါင်းပါဝင်ကာ ပုဂံညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်း သန့်ရှင်းသာယာလှပစေရေးနှင့် ပလတ်စတစ်ကင်းစင်ရေးအား စနေနေ့တိုင်း သန့်ရှင်းရေးပြုလုပ်လာခဲ့ရာ ယခုဆိုလျှင် ၆ နှစ်ရှိနေပြီဖြစ်ကြောင်း ပုဂံပလတ်စတစ်ကမ်ပိန်း အဖွဲ့အတွင်းရေးမှူး ဦးမိုးမင်းအောင်က ပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28701
Page
28702
Page
28703
Page
28704
Current page
28705
Page
28706
Page
28707
Page
28708
Page
28709
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department